ထိုင်းနိုင်ငံက ဘတ်စ်ကားနဲ့ ရထားတိုက်မှု ဒဏ်ရာရသူတွေထဲ မြန်မာတွေလည်း ပါဝင်နေ

(နိုင်ငံတကာ) မေ ၁၇

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲဲတဲ့ ဘတ်စ်ကားနဲ့ ရထားတိုက်မှုမှာ ဒဏ်ရာရသွားသူတွေထဲ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ပါဝင်နေတယ်လို့ သိရပါတယ်မေလ ၁၆ ရက်နေ့ မနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာ ရထားလမ်းနဲ့ ကားလမ်းဆုံပေါ်ကို ရောက်လာတဲ့ ဘတ်စ်ကားတစ်စီးကို ရထားတစ်စီးက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မတော်တဆမှုကြောင့် ဘတ်စ်ကားပေါ်ပါလာသူ ၈ ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထိုမတော်တဆမှုမှာ ပါဝင်သွားတဲ့ သေဆုံးသူထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်မှု ရှိ၊ မရှိ မသိရပေမယ့် ဒဏ်ရာရသူ ၃၀ ကျော်ထဲမှာ မြန်မာ ၅ ဦးပါဝင်နေတယ်လို့ ထိုင်းဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ လမ်းတွေဟာ ဘေးအန္တရာယ်ကင်းရှင်းရေး အားနည်းမှုတွေရှိနေုပြီး တစ်ရက်ကို လူအယောက် ၅၀ လောက် သေဆုံးနေကာ ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းတွေထဲမှာ ပါဝင်နေတယ်လို့ WHO က ပြောပါတယ်။

ဒါ့အပြင် WHO အဖွဲ့ဝင် ၁၇၅ နိုင်ငံထဲမှာ ထိုင်းနိုင်ငံဟာ ယာဉ်တိုက်မှုကြောင့် လူသေဆုံးသူ အဆင့် ၉ နေရာမှာ ရပ်တည်နေတယ်လို့လည်း WHO က ဆိုထားပါတယ်။