
(မှုခင်း) မေ ၁၇
မန္တလေးတက္ကသိုလ်အနောက်ပေါက်ရှိ ပန်းခြံအတွင်းမှ ရေကန်တခုတွင် ကလေးငယ်တဦး ရေဆင်းချိုးရာ ရေနစ် သေဆုံးခကြောင်း မဏီစလလူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့ မွန်းလွဲ ၁နာရီဝန်းကျင်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း၊ မန္တလေးတက္ကသိုလ်အနောက်ပေါက်ရှိ မြို့တော်စည်ပင်ပန်းခြံအတွင်း သစ်ပင်များ ရေလောင်းရာတွင် အသုံးပြုရန် တူးဖော်ထားသော ရေကန်၌ အသက် ၅နှစ်အရွယ် ကလေးတစ်ဦး ရေဆင်းချိုးရာ ရေနစ်သေဆုံးခဲ့သည်။
အဆိုပါ အခင်းဖြစ်နေရာသို့ အရေးပေါ်ကယ်ဆယ်ရေးယာဉ် နှစ်စင်းဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါကြောင်း “မဏီစလ”လူမူကူညီရေးအသင်း (မန္တလေး)မှ ထုတ်ပြန်ထားသည်။