(ပြည်တွင်း) မေ ၁၆
ချင်းပြည်နယ် တီးတိန်မြို့ရှိ ချယ်ရီတည်းခိုခန်းပိုင်ရှင်အား ဒလန်ဖြင့် စွတ်စွဲပြီး ဇိုလဲန်း PDFအဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
မေလ ၁၁ရက်နေ့က တီးတိန်မြို့ရှိ ချယ်ရီတည်းခိုခန်းပိုင်ရှင် ဦးထန်ခန်းဒါလ်ကို တပ်မတော်နှင့် ဆက်သွယ်ကာ သတင်းပေး(ဒလန်) စွပ်စွဲချက်ဖြင့် PDF (ဇိုလဲန်း)က ဖမ်းဆီးပြီး မေလ ၁၃ ရက်နေ့တွင် သေဆုံးကြောင်း မိသားစုထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဦးထန်ခန်းဒါလ်သည် ဆီးချို သွေးချို၊ သွေးတိုး စသည့်ရောဂါများကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း PDF (ဇိုလဲန်း)က မေလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသော်လည်း ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းအား မိသားစုဝင်ထံ ပေးပို့သည့်အချိန်တွင် မျက်နှာအပါအဝင် ခန္ဓကိုယ်တစ်ခုလုံး ရိုက်နှက်နှိပ်စက်ထားသည့် ဒဏ်ရာများ တွေ့ရကြောင်း သိရသည်။
သေဆုံးသူ အသက်၇၀အရွယ် ဦးထန်ခန်းဒါလ်၏ ဈာပနအခမ်းအနားအား မွေးရပ်ဇာတိ ဆောင်ဇန်ရွာတွင် မေလ၁၆ရက်နေ့တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN