
(နိုင်ငံတကာ)မေ ၁၆
အမေရိကန်အိမ်ဖြူတော်သည် သမ္မတ ဒေါ်နယ်ထရန့် (Donald Trump)အတွက် ကပွဲခန်းမ (Ballroom) တည် ဆောက်ရေးစီမံကိန်းကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် အသည်းအသန် အရှိန်မြှင့်တင်လျက်ရှိပြီး၊ အဆိုပါအဆောက်အအုံတွင် အသက်ကြီးရင့်လာပြီဖြစ်သော သမ္မတအတွက် “ခေတ်မီဆန်းသစ်သော မြေအောက်ဆေးရုံနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ” ပါဝင်လာမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
တရားရေးဝန်ကြီးဌာန ယာယီဝန်ကြီး တုဒ်ဘလန့်ချ် (Todd Blanche)က ကြာသပတေးနေ့နှောင်းပိုင်းတွင် တရားရုံးသို့ တင်သွင်းလွှာတစ်ခု တင်သွင်းခဲ့ပြီးနောက် ယခု ကဲ့သို့ အံ့အားသင့်ဖွယ်ရာ အချက်အလက်အသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘလန့်ချ်၏ အဆိုအရ ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ စီမံကိန်းဖြစ်သော ဤကပွဲခန်းမကြီးအတွင်း၌ ခေတ်မီဆေးရုံ၊ ထိပ်တန်းလျှို့ဝှက် စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများ၊ ဗုံးခိုကျင်းများနှင့် ဓာတုခြိမ်း ခြောက်မှု စစ်ထုတ်စနစ်များ ပါဝင်သည့် မြေအောက်လုံခြုံ ရေးဗဟိုချက်တစ်ခုကို ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်။
ယခုစီမံကိန်းသည် အစပိုင်းတွင် လာရောက်လည် ပတ်မည့် ဧည့်သည်တော်များနှင့် သံတမန်များကို ဧည့်ခံရန် ပုဂ္ဂလိကရန်ပုံငွေဖြင့် တည်ဆောက်မည့် ဖျော်ဖြေရေးနေရာတစ်ခုအဖြစ် ပြီးခဲ့သည့် ဇူလိုင်လက စတင်ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် ဖက်ဒရယ်တရားသူကြီးတစ်ဦးက လုံခြုံရေးနှင့်မသက် ဆိုင်သော လုပ်ငန်းများအတွက် လွှတ်တော်ခွင့်ပြုချက် လိုအပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက်၊ အိမ်ဖြူတော်က ယခုစီမံကိန်းအား သမ္မတကို လုပ်ကြံသတ်ဖြတ်မည့်အန္တရာယ်မှ ကာကွယ်ရန်အတွက် အရေးတကြီး လိုအပ်သော “အမျိုးသားလုံခြုံရေးကိစ္စ” အဖြစ် ခေါင်း စဉ်ပြောင်း လဲခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက အိမ်ဖြူတော်၏ အရှေ့ဘက်ဆောင်(East Wing)ကို ကြိုတင်ခွင့်ပြုချက်မရယူဘဲ ဖျက် ဆီးကာ စတုရန်းပေ ၉၀,၀၀၀ ကျယ်ဝန်းသည့် ကပွဲခန်းမကြီး ဆောက်လုပ်ရန် ပြင်ဆင်ခဲ့မှုအပေါ် “အမျိုးသား သမိုင်းဝင်အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့” (National Trust)က တရားစွဲဆိုတားဆီးခဲ့သဖြင့် မြေပေါ်တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေခဲ့ရသည်။
သို့သော် ပြီးခဲ့သည့် ဧပြီလ “အိမ်ဖြူတော် သတင်း ထောက်များအဖွဲ့ညစာစားပွဲ” တွင် သမ္မတထရန့်ကို လုပ်ကြံရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်၊ အစိုးရဘက်က ယခုစီမံကိန်းသည် သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ၏ ဘေးကင်းရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပိုမိုတွန်းအားပေးလာခဲ့သည်။ ယာယီတရားရေးဝန်ကြီး ဘလန့်ချ်က ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့သည် လုပ်ကြံမှုအပေါ် ကိုယ်ချင်းစာနာမှုမရှိဘဲ တရားစွဲဆိုမှုကို ရုတ်သိမ်းပေးရန် ငြင်း ဆန်နေကြောင်း ဒေါသတကြီး စွပ်စွဲခဲ့သည်။ လက်ရှိတွင် အဆိုပါအမှုကို လာမည့် ဇွန်လ ၅ ရက်နေ့တွင် အယူခံတရားရုံး၌ ဆက်လက်စစ်ဆေးရန် စီစဉ်ထား သည်။
စီမံကိန်းကို ပုဂ္ဂလိကအလှူရှင်များ၏ ရန်ပုံငွေဖြင့်သာ လုံးဝတည်ဆောက်သွားမည်ဟူသော သမ္မတထရန့်၏ အစောပိုင်းပြောကြားချက်မှာလည်း ပျက်ပြယ်သွားခဲ့ပြီဖြစ်သည်။ လွှတ်တော်အတွင်းရှိ ထရန့်၏ မဟာမိတ်များ သည် ကပွဲခန်းမနှင့် သက်ဆိုင်သည့် လုံခြုံရေးလုပ်ငန်းများအတွက် ဖက်ဒရယ်ရန်ပုံငွေအဖြစ် ဒေါ်လာ ၁ ဘီလီယံအထိ ရရှိရန် ကြိုးပမ်းနေကြပြီး ယင်းလုပ်ရပ်အပေါ် အိမ်ဖြူတော်က ချီးကျူးထားသည်။ အဆိုပါ ရန်ပုံငွေများထဲမှ ဒေါ်လာ သန်းပေါင်းများစွာကို ကျည်ကာမှန်များ၊ ဒရုန်းထောက် လှမ်းရေး နည်းပညာများနှင့် လျှို့ဝှက်လုံခြုံရေးစနစ်များအတွက် အသုံးပြုသွားမည်ဟု ဆိုသည်။
အသက် ၇ ၉ နှစ်အရွယ် သမ္မတ ထရန့်က ယခုစီမံကိန်း ၏ ကြီးမားလှသော ကုန်ကျစရိတ်နှင့် ပတ် သက်၍ မေးခွန်း ထုတ်ခဲ့သည့် အမျိုးသမီးသတင်း ထောက်တစ်ဦးကို “လူအ” ဟု ခေါ်ဆိုခဲ့ပြီးနောက်၊ သောကြာနေ့တွင် အဆိုပါ ကပွဲခန်းမကြီးကို လာမည့် ၂၀၂၈ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်တည် ဆောက်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ယင်းသည် အမေရိကန်တွင် အကောင်းဆုံးသော အဆောက် အအုံ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
#WhiteHouse #DonaldTrump #BlancheCourtFiling #BallroomProject #USPolitics #PositiveAngleNews #BreakingNews #WashingtonDC
Telegram»…
https://t.me/positiveanglenews
#PAN