CDF-Hakha အထွေထွေအတွင်းရေးမှူး မှ ဒုက္ကဌဟောင်းအား သေနတ်ဖြင့် ပစ်သတ်

(မှုခင်း)မေ ၁၆

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် CDF-Hakhaအထွေထွေအတွင်းရေးမှူး မှ ဒုက္ကဌဟောင်းအား သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရသည်။

မေလ ၁၅ရက်နေ့ က ချင်းအကြမ်းဖက်လက်နတ်ကိုင်အဖွဲ့ဖြစ်သည့် CDF-Hakha ၏ အတွင်းရေးမှူးဖြစ်သူ ဆလိုင်း ဆကျုံးလျန်က ပုဂ္ဂိုလ်ရေးအရ နှစ်ကိုယ်ကြားအငြင်းပွားမှုဖြစ်ပွားပြီးနောက် ဒုဥက္ကဋ္ဌ ဟောင်းဆလိုင်းဆန်လင်းကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တပ်မတော်မှ ချင်းပြည်မြောက်ပိုင်းအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာနေစဥ် ဒေသအတွင်းလက်နတ်ကိုင်းများအနေဖြင့် အချင်းချင်း သံသယဖြစ်ကာ ယုံကြည်မှု မရှိသဖြင့် ချင်းလက်နတ်ကိုင်အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

#PAN