(မှုခင်း) မေ ၁၆
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ ကုန်စုံရောင်းသည့်နေအိမ်တွင် ယနေ့နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လားရှိုးမြို့နယ် (၁၊၅၊၈၊၁၂) ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၂နာရီခွဲအချိန်တွင် မီးငြိမ်းနိုင်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ကုန်စုံဆိုင်နှင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရပြီး မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN