ဖိလစ်ပိုင်အထက်လွှတ် တော်တွင် သေနတ်သံများထွက်ပေါ်ပြီး ရုတ်ရုတ် သဲသဲဖြစ်ပွား၊ အမတ်ဟောင်း ဒီလာရိုဆာကို ဖမ်းဆီးရန် ကြိုးပမ်းမှုကြောင့် တင်းမာမှုမြင့်တက်

(နိုင်ငံတကာ)မေ ၁၃

     ဖိလစ်ပိုင်နိုင်ငံ အထက်လွှတ်တော် အဆောက်အအုံအတွင်း ဗုဒ္ဓဟူးနေ့က သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးနောက် လူများကို ဘေးကင်းရာသို့ ပြေးလွှားခိုလှုံရန် ညွှန်ကြားခဲ့ရသည့်အတွက် လွှတ် တော်အတွင်း ပရမ်းပတာအခြေအနေများ ဖြစ်ပွားခဲ့သည်။

     အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)က အလိုရှိနေသည့် ထိပ်တန်းအထက်လွှတ်တော်အမတ် ရော်နယ် ဒီလာရိုဆာ (Ronald dela Rosa)ကို ဖမ်းဆီးရန် ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ပစ်ခတ်မှုများ ပေါ် ပေါက်လာခြင်းဖြစ်သည်။

​     မျက်မြင်သက်သေများ၏ အဆိုအရ သေနတ်သံများ မထွက်ပေါ်မီ အထက်လွှတ်တော်အဆောက်အအုံသို့ စစ်ဝတ်စုံဝတ် ဆင်ယင်ထားပြီး အော်တိုရိုင်ဖယ်များ ကိုင်ဆောင်ထားသည့် စစ်သည် ၁၀ ဦးထက်မနည်း ရောက်ရှိလာခဲ့ကြောင်း သိရသည်။ မည်သူက စတင်ပစ်ခတ်သည် သို့မဟုတ် မည်သည့်အတွက်ကြောင့် ပစ်ခတ်ရသည်ကိုမူ ချက်ချင်းအတည်မပြုနိုင်သေးသလို စစ်ဘက်အရာရှိများကလည်း တစ်စုံ တစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။

      သမ္မတဟောင်း ဒူတာတေး၏ လက်ထက်တွင် “မူးယစ်ဆေးဝါးစစ်ပွဲ” ကို အဓိကဦးဆောင်ခဲ့သူ ရဲချုပ်ဟောင်း ဒီလာရိုဆာသည် တနင်္လာနေ့ကတည်းက လွှတ်တော်အတွင်းရှိ ၎င်း၏ရုံးခန်းတွင် ခိုလှုံနေခြင်းဖြစ်သည်။ ၎င်းက Facebook မှတစ်ဆင့် ဗီဒီယိုဖိုင်တင်ကာ “ကျွန်တော့်ကို ဖမ်းဖို့ လုံခြုံရေးတွေ လာနေပါပြီ။ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ကို သည်ဟိဂ်(The Hague) တရားရုံးဆီ အခေါ်မခံကြပါနဲ့” ဟု ဆိုကာ ၎င်းအား ဖမ်းဆီးပြီး ICC ထံ လွှဲပြောင်းပေးအပ်မည့်အရေးကို လူထုက ထွက်လာပြီး တားဆီးပေးရန် တောင်းဆိုခဲ့သည်။

      ICC သည် ဒီလာရိုဆာအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။ သမ္မတဟောင်း ဒူတာတေး လက် ထက် မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွင်း လူပေါင်း ၆,၀၀၀ ကျော် အသတ်ခံခဲ့ရမှုအပေါ် ရဲတပ်ဖွဲ့က စနစ် တကျ လူသတ်မှုများ ကျူးလွန်ပြီး အချက်အလက်ဖုံးကွယ်ခဲ့သည်ဟူသော စွပ် စွဲချက်များဖြင့် ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်သည်။ ယမန် နှစ်က ဖမ်းဆီးခံထားရသည့် အသက် ၈၁ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေး ရင်ဆိုင်နေရသည့် အမှုများနှင့် အမျိုးအစား အတူတူပင်ဖြစ်သည်။

     ဒီလာရိုဆာက ၎င်း၏ထောက်ခံသူများကို စုရုံးရန် တိုက် တွန်းထားသဖြင့် လွှတ်တော်အပြင်ဘက်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ဖွယ် ရှိသည်။ ရဲတပ်ဖွဲ့ကမူ အသတ်ခံရသူများသည် လက်နက်ကိုင်ဆောင်ပြီး ပြန်လည်ခုခံသူများသာဖြစ်ကြောင်း အစဉ် တစိုက် ငြင်းဆိုထားသော်လည်း နိုင်ငံတကာလူ့အခွင့် အရေးအဖွဲ့များကမူ ယင်းကို လက်မခံဘဲ တရားဥပဒေအရ အရေးယူရန် ဖိအားပေးလျက်ရှိသည်။

​#Philippines #SenateChaos #RonaldDelaRosa #Duterte #ICC #WarOnDrugs #BreakingNews #PositiveAngleNews #ManilaStatus

Telegram»…
https://t.me/positiveanglenews

#PAN