
(ပြည်တွင်း) မေ ၁၂
ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ မေလ ၈ ရက်နေ့အထိ လက်ခံရရှိထားသော OWIC လျှောက်ထားမှုများအနက် အလုပ်သမား ၆၀၆ ဦးကို စိစစ်ပြီးဖြစ်ပြီး မေလ ၁၁ ရက်မှ ၂၂ ရက်အတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်းပြီး ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထားပြည့်စုံမှန်ကန်ပါက (ရုံးပိတ်ရက်မပါ) ရက်သတ္တတစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည် ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။