(ပြည်တွင်း) မေ ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းအဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်ေန့တွင် ၂၃၀ ကေဗွီ သင်္ဃန်းညီနောင်(မြဝတီ)ဓာတ်အားခွဲရုံမှ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၆၆ ကေဗွီ မြဝတီ-ကော့ကရိတ်ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၄၅ ၊ ၄၆ ၊ ၄၇)တို့ကို မိုင်းခွဲဖျ-က်ဆီးခဲ့ေသာေကြာင့် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ရှိမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘားအံမြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိသရောင် ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ သာယာကုန်းဖီဒါမှ လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားလိုင်းပြုပြင်သွယ်တန်းမှုများပြုလုပ်ခဲ့၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်တွင် ပထမအဆင့်အနေဖြင့် ကျုံဒိုးမြို့အား လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကော့ကရိတ်မြို့အား လျှပ်စစ်ဓာတ်အားပြန် လည်ဖြန့်ဖြူးပေးနိုင်ရန် တာဝန်ရှိသူများကဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ကြသဖြင့် မတ် ၂၆ ရက်တွင် ကျုံဒိုးမြို့မှ တံတားကျိုးစစ်ဆေးရေးဂိတ်အထိနှင့် ကော့ကရိတ် ဓာတ်အားခွဲရုံတို့သို့ လျှပ်စစ်ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကော့ကရိတ်ဓာတ်အားခွဲရုံမှတစ်ဆင့် ကော့ကရိတ်မြို့ပေါ်ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအ ဆောက်အဦများနှင့် ဒေသခံနေအိမ်များအား လျှပ်စစ် ဓာတ်အား ဆက်လက်ဖြန့်ဖြူးပေးခဲ့ရာ မေ ၁၁ ရက်အထိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဆောက်အဦး (၄၅)ခုနှင့် ဒေသခံနေအိမ်(၄၇၂)လုံးတို့အားလျှပ်စစ် ဓာတ်အားဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမှတ်(၆)ရပ်ကွက်၊ မြို့အဝင်ဗိုလ်ချုပ်လမ်းမကြီးတစ်လျောက် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ ဆီဆိုင်များအား လျှပ်စစ်ဓာတ်အားဆက်လက်ဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပြီး ၄၀၀ ဗို့ ဓာတ် အားလိုင်းများပြုပြင်ခြင်း၊ ဆားဗစ်ကြိုးများပြုပြင်ခြင်း၊ အိမ်အတွင်းဝါယာရိန်းများစစ်ဆေးပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN