အမျိုးသမီး သုံးဦးစီးလာသည့် ဆိုင်ကယ်နှင့် ကား တိုက်မိသဖြင့် အမျိုးသုံးဦးသေဆုံး

(မှုခင်း) မေ ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ၊ သထုံ-ဘားအံကားလမ်းတွင် အမျိုးသမီး သုံးဦးစီးလာသည့် ဆိုင်ကယ်နှင့် ကား တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၁၀ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က သထုံံမြို့နယ်ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာ၊ သထုံ-ဘားအံကားလမ်း မိုင်တိုင်အမှတ် ၃/၇ နှင့် ၃/၈ ကြားတွင် ဘားအံဘက်မှ သထုံဘက်သို့မောင်းနှင်လာသော Honda Fit ကားနှင့် သုဓမ္မ၀တီမြို့သစ်ဘက်မှ မွေးနေ့ကိတ်ယူပြီး ပြန်လာသည့် အမျိုးသမီး သုံးဦးစီးလာသော ဆိုင်ကယ် နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး သုံးဦးသည် ဆိုင်ကယ်ပေါ်မှ လွင့်စင်ကျသွားပြီး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ကြောင်း ၊သေးဆုံးသူများကို လူမှုကူညီရေးအသင်းများမှ အသင်းပိုင်ယာဉ်ဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ခဲ့ကြောင်း သိရသည်။