(ပြည်တွင်း) မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အောင်စည်းခုံဘုရားလမ်းရှိ သင်္ဃန်းကျွန်းကြီးအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၀၉:၀၅ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ကျင်းပသည့် ပြည်ထောင်စုစိတ်ဓာတ်တိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးမျိုးမင်းနိုင်၊ ဒေါ်လေးလေးမြင့်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထူးကျော်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းတို့နှင့်အတူ ရပ်ကွက်အတွင်းနေထိုင်သည့် ရခိုင်တိုင်းရင်းသားပြည်သူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းက ပြည်ထောင်စုစိတ်ဓာတ်တိုးတက်မြင့်မားရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုင်ရာအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများအား ပြည်ထောင်စုစိတ်ဓာတ်အား ပိုမိုခိုင်မာစေရန် အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#PAN