မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းဆောင်ရွက်

(ပြည်တွင်း) မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၁၂၈လမ်း၊ ၆၂×၆၃ လမ်းကြားရှိ ပြည်ကြီးတံခွန်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် ၂၀၂၆ ခုနှစ် မေလ ၉ ရက် နံနက် ၁၀း၀၀ နာရီမှစတင်၍ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးကျော်မြင့်၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်နှင့် ဦးတင်ထွန်း၊ တိုင်းဒေသကြီးလဝကဦးစီးမှူး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်လဝကမှူး ဦးဟိန်းကျော်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းတို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

မြို့နယ်လဝကရုံးမှ ယနေ့ဆောင်ရွက်မှုအနေဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်း၊ သေဆုံးသူအမည်စာရင်းပယ်ဖျက်ခြင်း၊ မွေးဖွားသူအမည်စာရင်းတိုးမြှင့်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ပေးခြင်း၊ ဟောင်းနွမ်းပျက်စီးကတ်များအစားထိုးလဲလှယ်ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

#PAN