စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီး ၁ဦး သေဆုံး

(မှုခင်း) မေ ၉

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်၊ အမှတ်(၆)၊ ရွာပုလဲကျေးရွာရှိ အုပ်ညှပ်(၂)ထပ်နေအိမ်တွင် ယနေ့၁၁နာရီအချိန်က စလက်အမိုးဝရံတာပြိုကျ၍ အမျိုးသမီး(၁)ဦး စလက်ပြားပိ၍ ပိတ်မိနေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်နေရာသို့ ပန်းတောင်းမြို့နယ်မီးသတ်စခန်းနှင့် ဥသျှစ်ပင်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီး၁ဦး‌သေဆုံးခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းအား အေးသုခပရဟိတအသင်းမှယာဉ်ဖြင့် ဥသျှစ်ပင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။