UFO လျှို့ဝှက်ချက်များကို ပန်တဂွန်ထုတ်ပြန် – ဂြိုဟ်သားနှင့် အမည်မသိယာဉ်များဆိုင်ရာ ဖိုင်တွဲများ ပထမအသုတ် ထွက်ပေါ်လာ

(နိုင်ငံတကာ)မေ ၉

     အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန (ပန်တဂွန်) သည် ဆယ်စုနှစ်ပေါင်းများစွာကြာ လျှို့ဝှက်အဆင့်သတ် မှတ်ထားခဲ့သည့် UFO (ခေါ်) အမျိုးအမည်မသိ ပျံသန်းနေသောအရာဝတ္ထုများ (UAP) ဆိုင်ရာ မှတ် တမ်းဖိုင်တွဲ ပထမအသုတ်ကို ယနေ့တွင် လူသိရှင် ကြား ထုတ်ပြန်လိုက်သည်။

​     ဤထုတ်ပြန်မှုသည် သမ္မတ ဒေါ်နယ်ထရန့်က ဖက်ဒရယ်အေဂျင်စီများထံ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ညွှန်ကြားခဲ့သည့် “ဂြိုဟ်သားသက်ရှိများနှင့် UFO ဆိုင်ရာ အစိုးရမှတ် တမ်းများကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ရန်” ဟူသော အမိန့်အရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်က “အမေရိကန်ပြည်သူတွေ ကိုယ်တိုင် မြင်တွေ့ရမယ့်အချိန် ရောက်ပါပြီ” ဟု ဆိုကာ အဆိုပါမှတ်တမ်းများကို ဝဘ်ဆိုက်အသစ်တွင် ဖော်ပြပေးခဲ့သည်။

     ထုတ်ပြန်ချက်တွင် ၂၀၂၂ ခုနှစ်က အီရတ်နိုင်ငံ၌ တွေ့ရှိခဲ့သည့် “ဖြစ်နိုင်ခြေရှိသော UAP အသေးစား” တစ်ခုနှင့် ၂၀၂၄ ခုနှစ်က ဆီးရီးယားနိုင်ငံ၌ တွေ့ရှိခဲ့သည့် “အမည်မသိ ရင်းမြစ်မှ တောက်ပသော အလင်း တန်းများ” အကြောင်း စစ်ဘက်ဆိုင်ရာ မှတ်တမ်းများ ပါဝင်သည်။ ထိုစဉ်က အမေရိကန်တပ်ဖွဲ့ဝင်များသည် ISIS ချေမှုန်းရေးအတွက် ထိုဒေသများတွင် စခန်းချနေချိန်ဖြစ်သည်။ ထို့ပြင် ယူအေအီးနှင့် ဂရိနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်များထံမှလည်း မကြာသေးမီက အစီရင်ခံစာများ ရရှိထားသည်။

   အာကာသစစ်ဆင်ရေးဆိုင်ရာ မှတ်တမ်းများတွင်မူ လကမ္ဘာပေါ်သို့ ဒုတိယမြောက်ခြေချသည့် အပိုလို ၁၂ စစ်ဆင်ရေးအတွင်း အာကာသယာဉ်မှူး အလန် ဘင်း(Alan L. Bean) က အာကာသအတွင်း လွင့်မျောနေသည့် “တောက်ပသော အလင်းတန်းများ” ကို မြင်တွေ့ခဲ့ရကြောင်း ထွက်ဆိုထားသည်။ “အဲဒီအရာတွေက လကမ္ဘာကနေ လွတ်မြောက်သွားပုံရပြီး ကြယ်တွေဆီကို အမြန်နှုန်းနဲ့ ဦး တည်သွားနေတာပါ” ဟု ၎င်းက ဆိုသည်။

     ၁၉၇၂ ခုနှစ် အပိုလို ၁၇ စစ်ဆင်ရေးတွင်လည်း အာကာ သယာဉ်မှူးနှစ်ဦးက “အလွန်တောက်ပသော” အလင်းမှုန်များကို မြင်တွေ့ခဲ့ရပြီး “အပြင်မှာ ဇူလိုင် ၄ ရက် (အမေရိကန်လွတ်လပ်ရေးနေ့) မီးရှူးမီးပန်းတွေ ဖောက်နေသလိုပဲ” ဟု တင်စားခဲ့ကြသည်။ သို့သော် အဆိုပါအလင်းတန်းများသည် ရေခဲတုံးများမှ ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က ယူဆခဲ့ကြသည်။

     ပန်တဂွန်သည် အဆိုပါဖိုင်တွဲများကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်နိုင်သည်နှင့်အမျှ ရက်သတ္တပတ်အနည်းငယ်လျှင် တစ်သုတ်နှုန်းဖြင့် အဆင့်ဆင့် ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။ သောကြာ နေ့က ထုတ်ပြန်ချက်တွင် ယခင်က FBI မှ ထုတ်ပြန်ခဲ့ဖူးသော်လည်း ယခုအခါ စာသားဖျက်ထားမှု (redactions) နည်းပါးသွားသည့် ၁၉၄၇ မှ ၁၉၆၈ ခုနှစ်အတွင်း UFO မြင်တွေ့မှု မျက်မြင်သက်သေ အစီရင်ခံ စာများလည်း ပါဝင်သည်။ နာဆာ(NASA) အုပ်ချုပ်ရေးမှူး ဂျာရက် အိုင်ဆက်မန်းကလည်း စကြဝဠာ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်မှာ နာဆာ၏ အဓိကတာဝန်ဖြစ်ပြီး ကမ္ဘာပြင်ပသက်ရှိများ ရှိနိုင်ခြေမှာ အလွန်မြင့်မားကြောင်း ထောက်ခံပြောကြားထားသည်။

​#UFO #UAP #Pentagon #Trump #NASA #AlienLife #BreakingNews #PositiveAngleNews #SpaceMystery #Declassified

Telegram»…
https://t.me/positiveanglenews

#PAN