အမေရိကန်၏ အပစ်ရပ်အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေဆဲ အီရန်က ရေနံတင်သင်္ဘောသိမ်းဆည်းမှုနှင့် ရေလက် ကြားစည်းမျဉ်းသစ်များ ချမှတ်

(နိုင်ငံတကာ)မေ ၈

    ​​အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံးထုတ်ပြန်ထားသော အပစ်ရပ်စဲရေး အဆိုပြုချက်ကို အီရန်အစိုးရက ပြန်လည်သုံးသပ်နေသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောသိမ်းဆည်းခြင်းနှင့် စည်းမျဉ်းသစ်များ ချမှတ်ခြင်းဖြင့် တင်းမာစွာ တုံ့ပြန်လိုက်သည်။

     အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း “အထူးစစ်ဆင်ရေး” တစ်ရပ် ပြုလုပ်ကာ Ocean Koi အမည်ရှိ ရေနံတင်သင်္ဘောတစ်စင်းကို သိမ်းဆည်းလိုက်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ အဆိုပါသင်္ဘောသည် “အီရန်နိုင်ငံ၏ အကျိုး စီးပွားနှင့် ရေနံတင်ပို့မှုများကို အဟန့်အတားဖြစ်စေရန်” ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲထားသည်။

     အီရန်ရေတပ်မှ ကွန်မန်ဒိုများနှင့် မရိန်းတပ်ဖွဲ့ဝင်များ သည် အဆိုပါသင်္ဘောကို နိုင်ငံတောင်ပိုင်း ကမ်း ရိုးတန်းသို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့ကြောင်း Fars သတင်းဌာနက ဆိုသည်။ အီရန်စစ်တပ်က ထုတ်ပြန်ရာတွင် ၎င်းတို့၏ ပိုင် နက်ရေပြင်အတွင်းရှိ အီရန်ပြည်သူတို့၏ ရပိုင်ခွင့်နှင့် ပိုင် ဆိုင်မှုများကို အင်အားသုံးကာကွယ်သွားမည်ဖြစ်ပြီး ကျူး ကျော်သူများကို သည်းခံမည်မဟုတ်ကြောင်း ပြောကြားထားသည်။

      အီရန်သည် ဟော်မုဇ်ရေလက်ကြားအတွင်း သွား လာမှုများကို စီမံခန့်ခွဲရန် “ပါရှန်းပင်လယ်ကွေ့ ရေ လက်ကြားအာဏာပိုင်အဖွဲ့” (Persian Gulf Strait Authority) ကို အသစ်ဖွဲ့စည်းလိုက်ပြီး စည်းမျဉ်းသစ်များ ချမှတ်လိုက်သည်။

     စည်းမျဉ်းသစ်များအရ ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းလိုသော မည်သည့်သင်္ဘောမဆို အီရန်တပ်ဖွဲ့ဝင်များထံမှ ကြိုတင်ခွင့်ပြုချက်နှင့် ညှိနှိုင်းမှုများ အပြည့်အဝရယူရမည်ဖြစ်သည်။ သင်္ဘောများ သည် ၎င်းတို့၏ မူရင်းနိုင်ငံ၊ သယ်ဆောင်လာသည့် ပစ္စည်းနှင့် ဦးတည်ရာတို့ကို အီရန်အာဏာပိုင်များထံ အီးမေးလ်ဖြင့် အသေးစိတ်ပေးပို့ရမည်ဖြစ်ပြီး အီရန် ဘက်က စစ်ဆေးပြီးနောက် လမ်းဖြတ်သန်းခ(Toll fees) ပေးဆောင်ရမည်ဖြစ်သည်။

     ဤခြေလှမ်းသည် ဟော်မုဇ်ရေလက်ကြားအပေါ် အီရန် ၏ အချုပ်အခြာအာဏာကို အပြည့်အဝ သတ် မှတ်လိုက်ခြင်းဖြစ်ပြီး နိုင်ငံတကာ ရေကြောင်းသွား လာရေးအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာစေသည်။

     ကာကွယ်ရေးကျွမ်းကျင်သူများ၏ အဆိုအရ အီရန်၏ ယခုလုပ်ရပ်မှာ အမေရိကန်နှင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အသာစီးရယူရန် ဖိအားပေးခြင်းဖြစ်သည်။ အကယ်၍ အမေရိကန်က အီရန်ဘက်က လိုလားသည့် အချက်များကို လိုက် လျောခြင်းမရှိပါက IRGC အနေဖြင့် ကမ္ဘာ့စွမ်းအင်တင်ပို့မှု၏ အဓိကလမ်းကြောင်းဖြစ်သော ဤရေ လက်ကြားကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်သွားဖွယ် ရှိနေသည်။

​#Iran #USA #StraitOfHormuz #TankerSeized #MaritimeRegime #CeasefireTalks #BreakingNews #PositiveAngleNews #MiddleEastConflict #GlobalEconomy

Telegram»…
https://t.me/positiveanglenews

#PAN