(မိုး/ဇလ) မေ ၈
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အများပြားပျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၄နာရီခွဲကျော်အချိန်က ဇေယျာသီရိမြို့နယ်အတွင်းရှိ အောင်ဇေယျရပ်ကွက်၊ ကျည်တောင်အုပ်၊ စည်ပင်ကြီးအုပ်များတွင် မိုးသက်လေပြင်းကျရောက်ပြီး လူနေအိမ်များပျက်ဆီးကာ လူထိခိုက် မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ပျက်ဆီးမှုဖြစ်ပေါ်ခဲ့သည့်ကျေးရွာများသိုြ သက်ဆိုင်ရာ တာဝန်ရှိများမှ သွားရောက်ပြီး စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဌာနမှ ထုတ်ပြန်ထားသည်။





#PAN