ဂျက်ဖရီ အက်ပ်စတိန်း ၏ သေတမ်းစာဟု ယူဆရသော မှတ်စုကို အမေရိကန် တရားသူကြီးက ထုတ်ပြန်

(နိုင်ငံတကာ)မေ ၈

    ​​လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ငွေကြေးလုပ်ငန်းရှင် ဂျက်ဖရီ အက်ပ်စတိန်း(Jeffrey Epstein) သေဆုံးခြင်းမတိုင်မီ ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်စုကို နယူးယောက်တရားသူကြီးတစ်ဦးက အများပြည်သူသိရှိစေရန် ထုတ်ပြန်လိုက်သည်။

​     အဝါရောင်စာအုပ်ပေါ်တွင် လက်ရေးဖြင့် ရေးသားထားသည့် အဆိုပါမှတ်စုကို အက်ပ်စတိန်းနှင့် တစ်ခန်းတည်းအတူနေခဲ့ဖူးသူ အကျဉ်းသားတစ်ဦး၏ အမှုတွဲမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မှတ်စုတွင် “သူတို့ ကျွန်တော့်ကို လပေါင်းများစွာ စုံစမ်းခဲ့တယ်၊ ဘာမှ ရှာမတွေ့ခဲ့ဘူး” ဟု ရေးသားထားပြီး ၎င်းအနေ ဖြင့် နှုတ်ဆက်ရမည့်အချိန်ကို ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းမှာ ဆုလာဘ်တစ်ခု ဖြစ် ကြောင်း ဖော်ပြထား သည်။ ဤမှတ်စုသည် အက်ပ်စတိန်း ၏ သေဆုံးမှုမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်ကြောင်း အာဏာပိုင်များ၏ ကောက်ချက်ကို အထောက်အကူပြုနေသည်။

​     အဆိုပါမှတ်စုသည် ယခင်က ဖက်ဒရယ်စုံစမ်းစစ် ဆေးရေးမှူးများ၏ လက်ထဲသို့ ရောက်ရှိခဲ့ခြင်းမရှိဘဲ ယခုမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။ New York Times သတင်း စာ၏ တောင်းဆိုမှုကြောင့် တရားသူ ကြီး ကန်းနက်သ် ကာရပ်စ်က ဤစာရွက်စာတမ်းကို ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

     ဘီလီယံနာများ၊ ကျော်ကြားသူများနှင့် နိုင်ငံရေး သမားများ ပါဝင်သည့် အက်ပ်စတိန်း၏ ဩဇာကြီးမားသော လူမှုအသိုင်းအဝိုင်းနှင့် သူ၏သေဆုံးမှု နောက်ကွယ်မှ အခြေ အနေများမှာ ကမ္ဘာတစ်ဝှမ်းတွင် နှစ်ပေါင်းများစွာကြာအောင် ပဟေဠိဖြစ်နေခဲ့သည်။

​     ယမန်နှစ်က အမေရိကန်ကွန်ဂရက်လွှတ်တော်သည် အက်ပ်စတိန်းနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု ဖိုင်အားလုံးကို ထုတ်ပြန်ရန် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုခဲ့သည်။ ယခင်က အက်ပ်စတိုင်းနှင့် မိတ် ဆွေဖြစ်ခဲ့ဖူးသူ သမ္မတ ဒေါ်နယ်ထရန့်သည် အစပိုင်းတွင် ယင်းဥပဒေကို ကန့်ကွက်ခဲ့သော်လည်း နိုဝင်ဘာ လတွင် လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့သည်။ တရားရေးဝန်ကြီးဌာနသည် ထိုစဉ်ကတည်းက စာ ရွက်စာတမ်း သန်းပေါင်းများစွာကို ထုတ်ပြန်ခဲ့သော် လည်း လွှတ်တော်အမတ်များက ယင်းထုတ်ပြန်ချက်များ မည်မျှအထိ ပြည့်စုံမှုရှိသနည်းဆိုသည်ကို မေး ခွန်း ထုတ်လျက်ရှိသည်။

     လက်ရှိတွင် အမေရိကန်လွှတ်တော်အမတ်များ သည် အက်ပ်စတိန်းနှင့် ပတ်သက်မှုရှိခဲ့သည်ဟု ယူဆရသော သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ဇနီးဖြစ်သူ ဟီလာရီကလင်တန် အပါ အဝင် အဆင့်မြင့်အရာရှိများကိုပါ ဆင့်ခေါ်စစ်ဆေးရန် ပြင်ဆင်နေကြသည်။

     အက်ပ်စတိန်းနှင့် ပတ်သက်မှုရှိခြင်းမှာ ပြစ်မှုကျူး လွန်ခြင်းဟု မဆိုလိုသော်လည်း၊ ယနေ့အထိ အမေရိကန်တွင် အက်ပ်စတိန်း၏ ရာဇဝတ်မှုများနှင့် ပတ် သက်ပြီး မည်သူမျှ ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရခြင်း မရှိသေးပေ။ သို့သော် ဗြိတိန်မှ အင်ဒရူးမင်းသား (ယခု အင်ဒရူး မောင့်ဘက်တန်-ဝင်းဆာ)နှင့် ဗြိတိန်သံအမတ်ဟောင်း ပီတာ မန်ဒယ်လ်ဆန် တို့အပါအဝင် အခြားနိုင်ငံများမှ တာဝန်ရှိသူအချို့မှာမူ စွဲ ချက်တင်ခံထားရသည်။

#JeffreyEpstein #SuicideNote #NewYorkCourt #TrumpAdministration #Clinton #BreakingNews #PositiveAngleNews #JusticeSystem #GlobalScandal

Telegram»…
https://t.me/positiveanglenews

#PAN