ဘိုကလေးမြို့နယ်တွင် ဒေသန္တစီမံကိန်း တာဝန်ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

(ပြည်တွင်း) မေ ၈

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် မေ ၇ ရက်နေ့ ညနေ ၄ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တစီမံကိန်း တာဝန်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးလှဌေးနှင့် ဒေါ်သင်းသင်းမွန်တို့ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က ဒေသအတွင်း ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ကဏ္ဍအလိုက် တာဝန်ပေးအပ်ခဲ့ကြသည်။