(ပြည်တွင်း) မေ ၇
ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းထွန်းဝင်းသည် မေ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီက ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဆိပ်ကြီးအရှေ့ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဦးမောင်ဝင်းလမ်း၊ ခိုင်ရွှေဝါလမ်းသွယ်နှင့် သောက်သုံးရေကန်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းများ၊ မင်္ဂလာသီရိလမ်းဘေးရှိ မြနန္ဒာကန်ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းများကို စစ်ဆေးခဲ့ပြီး ရောင်နီဦးလမ်းနှင့် ယင်းမာပင်လမ်း နောက်ဘေးရှိ လမ်းရေမြောင်းပိတ်ဆို့နေမှုများကို ရှင်းလင်းနိုင်ရေး ကြည့်ရှုခဲ့ကြသည်။
ထိုသို့ စစ်ဆေးကြည့်ရှုရာတွင် လိုအပ်ချက်များကို ရပ်ကွက်နှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး လမ်းညွှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေါက်တာထွန်းထွန်းဝင်းနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာရေးတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအရာရှိများ၊ ပါတီတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ လိုက်ပါခဲ့ကြောင်း သိရသည်။
#PAN