တိုက်ကြီးမြို့နယ်တွင် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

(စီးပွားရေး) မေ ၇

တိုက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်သည် မေ ၇ ရက် နံနက် ၁၀း၀၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကုန်ထုတ်လုပ်မှုမြင့်မားရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဦးခင်မောင်မြင့်က MSME လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်းဈေးကွက်သာမက ပြည်ပပို့ကုန်ဈေးကွက်များသို့ ဝင်ရောက်နိုင်ရန် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင် MSME လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံတော်ဘက်မှ လိုအပ်သည့် အရင်းအနှီးများကို မြန်မြန်ဆန်ဆန် ထုတ်ချေးပေးနိုင်ရေးနှင့် ပံ့ပိုးကူညီမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသည် ဒေသတွင်းကုန်ထုတ်လုပ်မှုမြင့်မားလာစေရန်နှင့် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#PAN