
(နိုင်ငံတကာ)မေ ၆
ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်၏ “ခြိမ်းခြောက်မှုများ” အဆုံးသတ်သွားပြီး အီရန်က ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းအသစ်များကို လိုက်နာပါက ရေ ကြောင်းသွားလာမှု ဘေးကင်းရေးကို အာမခံချက်ပေးမည်ဖြစ်ကြောင်း အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ်၏ ထုတ်ပြန်ချက်အရ ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းမည့် သင်္ဘောများသည် အီရန်ဘက်မှ ကြိုတင်သတ်မှတ်ထားသည့် “သီး သန့်လမ်းကြောင်း” (Designated Corridor) အတိုင်းသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ ယင်းလမ်းကြောင်းမှ သွေဖည်ပါက ပြတ်သားစွာ အရေးယူသွားမည်ဟု သတိပေးထား သည်။ ထို့ပြင် ရေလက်ကြားကို ဖြတ်သန်းလိုသည့် မည်သည့်သင်္ဘောမဆို အီရန်လက်နက်ကိုင်တပ်ဖွဲ့များထံမှ “ကြို တင်ခွင့်ပြုချက်” ရယူရမည်ဖြစ်ကြောင်း IRGC ၏ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲ ယာဒိုလာ ဂျာဗာနီက အတည်ပြုပြောကြားသည်။
ဤထုတ်ပြန်ချက်သည် သမ္မတ ဒေါ်နယ်ထရန့်က ပိတ်မိနေသော သင်္ဘောများကို ကူညီထုတ်ဆောင်ပေးမည့် “Project Freedom” စစ်ဆင်ရေးကို ယာယီရပ်နားကြောင်း ကြေညာပြီးနောက် ထွက်ပေါ်လာသည့် အီရန်၏ ပထမဆုံး တုံ့ပြန်ချက်ဖြစ်သည်။ အီရန်ဘက်က ယခုအခါ သင်္ဘောအများစုသည် ၎င်းတို့၏ စည်းမျဉ်းသစ်များကို လိုက်နာနေကြပြီဖြစ်သဖြင့် ဒေသတွင်း ရေကြောင်းလုံခြုံရေး ပိုမိုကောင်းမွန်လာသည်ဟု ရှုမြင်နေသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက စစ်ပွဲစတင်ခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် အကြီးအကျယ် ရိုက်ခတ်မှုများ ရှိခဲ့သည်။ လက်ရှိတွင် ပါကစ္စတန်နိုင်ငံ၏ စေ့စပ်ညှိနှိုင်းမှုများ၊ အမေရိကန်ဘက်မှ စစ်ဆင်ရေးရပ်နားမှုများနှင့် အီရန်၏ ယခုထုတ်ပြန်ချက်တို့ကြောင့် နှစ်ဖက်စလုံးသည် သံတမန်နည်းလမ်းဖြင့် အီရန်-အမေရိကန်စစ်ပွဲကြောင့် ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်ခဲ့ရသည့် ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းကို ပြန် လည်တည်ငြိမ်စေရန်နှင့် ပဋိပက္ခများလျှော့ချရန် (De-escalation) ဦးတည်လာနေသည်ဟု နိုင်ငံတကာစောင့်ကြည့်လေ့လာသူများက သုံးသပ်နေကြသည်။
သို့သော်လည်း အမေရိကန်က အီရန်ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး အီရန်ကလည်း ရေလက် ကြားအပေါ် အပြည့်အဝထိန်းချုပ်လိုနေသဖြင့် ရေရှည်တည်တံ့သော သဘောတူညီချက်ရရှိရန်မှာမူ စိန်ခေါ်မှုများစွာ ကျန်ရှိနေပါသေးသည်။
#Iran #IRGC #StraitOfHormuz #USA #ProjectFreedom #MaritimeSecurity #BreakingNews #PositiveAngleNews #InternationalRelations
Telegram»…
https://t.me/positiveanglenews
#PAN