မြောင်းမြမြို့တွင် အိမ်ဆောက်ပစ္စည်းဂိုထောင် မီးလောင်မှုဖြစ်ပွား၊ ကျပ် (၂၉.၈) သိန်းခန့် ဆုံးရှုံး

(ပြည်တွင်း) မေ ၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ်(၁)ရပ်ကွက် အောင်ဆန်းလမ်းမကြီးရှိ “ထွန်းထောက်” အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဂိုထောင်တစ်ခုတွင် ယနေ့ နံနက် ၄ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် အချိန်မီ ရောက်ရှိကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် (၀၄း၄၄) နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး (၀၄း၄၇) နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။စစ်ဆေးချက်များအရ မီးလောင်မှုသည် ဂိုထောင်အတွင်း ရုံးခန်း၌ တပ်ဆင်ထားသည့် အဲယားကွန်းမှ အပူလွန်ကဲမှုကြောင့် အပူခံစက္ကူပြားများမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သုံးထပ်သား၊ အိမ်သုတ်ဆေး၊ တာပင်တိုင်၊ ဖော်မီကာနှင့် နံရံကပ်ကျောက်ပြားများ စုစုပေါင်း တန်ဖိုးကျပ် (၂,၉၈၀,၀၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲခဲ့သူဟု သတ်မှတ်ထားသည့် ဂိုထောင်ပိုင်ရှင် ပြည့်စုံအား အရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့မှ (ပ)၁၃၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး တရားခံအား ဖမ်းဆီးထားကြောင်း သိရသည်။မြောင်းမြမြို့နယ် ပကိတ်ကြီးကျေးရွာအုပ်စုရှိ မီးဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးအဖြစ် ယနေ့ နံနက် (၁၀း၀၀) နာရီတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို မြို့နယ်ပါတီတာဝန်ခံ၊ တိုင်းပါတီကော်မတီဝင် ဦးပြုံးချို၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန့်ဇော်နှင့် မြို့နယ်ကော်မတီဝင်များ ဦးဆောင်ကာ မြို့နယ်အတွင်းပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။လှူဒါန်းငွေ စုစုပေါင်း ကျပ် (၂,၉၂၀,၀၀၀) ကို မီးဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ပြီး ထောက်ပံ့အားပေးစကားများလည်း ပြောကြားခဲ့ကြောင်း သိရသည်။

#PAN