
(နိုင်ငံတကာ)မေ ၁
အမေရိကန်-အီရန်စစ်ပွဲမှာ နှစ်ဖက်စလုံးက အလျှော့မပေးဘဲ ဆွေးနွေးပွဲတွေ ရှေ့မတိုးသာဖြစ်နေချိန်မှာ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) တပ်မှူး အက်ဒမီရယ် ဘရတ်ဒ်လေ ကူးပါးက အီရန်ကို “နောက်ဆုံးထိုးနှက်အချက်” (Final Blow)အဖြစ် တိုက်ခိုက်မယ့် စစ်ရေးရွေးချယ်မှုသစ်တွေကို သမ္မတထရန့်ထံ ၄၅ မိနစ်ကြာ တံခါးပိတ်အစီရင်ခံတင်ပြခဲ့ကြောင်း သိရပါတယ်။
Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ CENTCOM က ရေးဆွဲထားတဲ့ စီမံချက်ထဲမှာ အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး “ပြင်းထန်ပြီး တိုတောင်းတဲ့” တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားအတွင်း ကုန် သွယ်ရေးသင်္ဘောတွေ လွတ်လပ်စွာ ပြန်လည်သွားလာနိုင်ဖို့အတွက် ရေလက်ကြားရဲ့ အစိတ်အပိုင်းအချို့ကို ကုန်းခြေလျင်တပ်တွေအသုံးပြုပြီး ဝင်ရောက်သိမ်း ပိုက်ထိန်းချုပ်မယ့် အစီအစဉ်လည်း ပါဝင်နိုင်ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သမ္မတထရန့်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ အနီးကပ်ခြိမ်းခြောက်မှုဖြစ်တယ်လို့ ကိုးကားပြောဆိုထားပြီး၊ အစီရင်ခံတင်ပြမှုမှာ အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံ သိုလှောင်ရုံတွေကို အထူးတပ်ဖွဲ့ဝင်တွေနဲ့ ဝင်ရောက်သိမ်းပိုက်မယ့် စစ်ဆင်ရေးတစ်ခုလည်း ပါဝင်လာနိုင်ခြေရှိပါတယ်။ လက်ရှိမှာ အီရန်ရဲ့ သန့် စင်ပြီးယူရေနီယံအများစုဟာ အစ္စဖာဟန် (Isfahan) နျူကလီးယားစက်ရုံဝင်းအတွင်း မြေအောက်မှာ ရှိနေနိုင်ကြောင်း ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီက ခန့်မှန်းထားပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး မာကို ရူဘီယိုက “ပင်လယ်ရေကြောင်း လွတ် လပ်ခွင့် တည်ဆောက်ရေး (MFC)” အစီအစဉ်ကို အတည် ပြုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ မိတ်ဖက်နိုင်ငံတွေ ပါဝင်တဲ့ နိုင်ငံတကာမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို ပူး ပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှား၊ တရုတ်၊ ဘီလာရုစ်နဲ့ ကျူးဘားနိုင်ငံတွေကိုတော့ ဒီမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ကြားမှာမဟုတ်ကြောင်း သိရပါတယ်။
အီရန်သမ္မတ ပီဇက်ရှ်ကီယန်ကတော့ အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုတွေဟာ နိုင်ငံတကာဥပဒေနဲ့ ဆန့် ကျင်နေပြီး ကျရှုံးဖို့ပဲ ကံပါနေတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
#IranWar #DonaldTrump #CENTCOM #StraitOfHormuz #NuclearTension #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN