
(နိုင်ငံတကာ)ဧပြီ ၃၀
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ပိတ် ဆို့ထားခြင်းကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ် ရေး ရပ်တန့်နေစဉ် ပါကစ္စတန်အစိုးရက ၎င်း၏ နယ် မြေကို ဖြတ်သန်း၍ အီရန်သို့ ကုန်စည်ပို့ဆောင်နိုင်မည့် ကုန်းလမ်းစင်္ကြံ ၆ ခုကို တရားဝင် ဖွင့်လှစ်ပေးလိုက်သည်။
အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများဖြင့် စတင်ခဲ့သည့် နှစ်လကြာ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံသွေးကြောဖြစ်သော ဟော်မုဇ်ရေလက်ကြားမှာ အကျပ်အတည်းဖြစ်နေပြီး ပါကစ္စတန်နိုင်ငံ၊ ကရာချီဆိပ်ကမ်းတွင်လည်း အီရန်သို့ ဦးတည်မည့် ကုန်သေတ္တာပေါင်း ၃,၀၀၀ ကျော် သောင်တင်နေခဲ့သည်။ ပါကစ္စတန် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်အသစ်အရ ယခုအခါ တတိယနိုင်ငံများမှ ကုန်စည်များကို ပါကစ္စတန်နယ်မြေမှတစ်ဆင့် အီရန်သို့ ကုန်းလမ်းဖြင့် တိုက် ရိုက်ပို့ဆောင်ခွင့် ရရှိတော့မည်ဖြစ်သည်။

သတ်မှတ်လိုက်သော လမ်းကြောင်းများသည် ပါကစ္စတန်၏ အဓိကဆိပ်ကမ်းများဖြစ်သော ကရာချီ၊ ပေါ့တ်ကာဆင်နှင့် ဂွါဒါတို့ကို အီရန်နယ်စပ်ရှိ ဂတ်ဗ် (Gabd)နှင့် တပ်ဖ်တန် (Taftan)ဂိတ်များသို့ ချိတ်ဆက်ပေးထားသည်။ အထူးသဖြင့် ဂွါဒါ-ဂတ်ဗ် လမ်း ကြောင်းသည် နယ်စပ်သို့ သွားရသည့်အချိန်ကို ၂ နာရီခွဲခန့်အထိ လျှော့ချပေးနိုင်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကို ၅၀ ရာခိုင်နှုန်းခန့်အထိ သက်သာစေမည်ဖြစ်သည်။
ဤခြေလှမ်းသည် ပါကစ္စတန်နှင့် ဆက်ဆံရေးတင်း မာနေသည့် အာဖဂန်နစ္စတန်ကို ကျော်လွှား၍ အနောက်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်လိုက်ခြင်းလည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ပါကစ္စတန် သည် ဝါရှင်တန်နှင့် တီဟီရန်တို့ကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနေပြီး၊ အီရန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း အစ္စလာမ်မာဘတ်သို့ လာရောက်ကာ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်နေသည်။
သို့သော်လည်း ပါကစ္စတန်နှင့် အိန္ဒိယတို့ကြား တင်း မာမှုများကြောင့် အိန္ဒိယမှ လာသော ကုန်စည်များကိုမူ ဤလမ်းကြောင်းမှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ ဤလုပ်ဆောင်ချက်ဟာ အာဖဂန်နစ္စတန်ကို ကျော်လွှားပြီး အနောက်အာရှနဲ့ တိုက်ရိုက်ကုန်သွယ်နိုင်ဖို့ ပါကစ္စတန်ရဲ့ မဟာဗျူဟာမြောက် ခြေ လှမ်းတစ်ခုလည်း ဖြစ်သည်။ ကျွမ်းကျင်သူများကမူ ဤလမ်း ကြောင်းသစ်သည် ပါကစ္စတန်ကို အနောက်အာရှ၏ အဓိက ကုန်းလမ်းဝင်ပေါက်ဖြစ်လာစေနိုင်သော်လည်း နယ်စပ်လုံခြုံရေးမှာ အဓိကစိန်ခေါ်မှု ဖြစ်နေဆဲဖြစ် ကြောင်း သုံးသပ်ထားကြသည်။
#Pakistan #IranTrade #HormuzBlockade #GwadarPort #RegionalTrade #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN