“ပါရှန်ပင်လယ်ကွေ့ နှင့် အိုမန် ပင်လယ် ကွေ့ကြားရှိ Hormuz ရေလက်ကြားအတွင်း သွားလာနေကြသည့် ကုန်တင်သင်္ဘောများကို အီရန်နိုင်ငံက ခြိမ်းခြောက်နေမှုများအား ဟန့်တားနိုင်ရန်ဆိုသော ခေါင်းစဥ်ဖြင့် အမေရိကန်နိုင်ငံက ၎င်းတို့၏ မဟာဗျူဟာ မြောက် ဖျက်သင်္ဘောများ စေလွှတ်ထား”

ဇူလိုင် ၂၁

ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ကွေ့ကြားရှိ ရေလက်ကြားတစ်ခုဖြစ်သည့် Hormuzရေ လက်ကြားတွင် အီရန်နိုင်ငံက စီးပွားရေးဆိုင်ရာ ကုန်တင်သင်္ဘောများကို ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ပြီးနောက် လုံခြုံရေးတိုးမြှင့်ရန် အမေရိကန်နိုင်ငံက ဟော်မုဇ် ရေလက်ကြားနှင့် အိုမန်ပင်လယ်ကွေ့အနီးကို တိုက်လေယာဉ် တင်ဆောင်ထားသော စစ်သင်္ဘောတစ်စင်းကို မကြာသေးမှီအချိန်က စေလွှတ်လိုက် တာလည်း ဖြစ်ပါတယ်။

အီရန်နိုင်ငံသည် ယခုလအတွင်း Hormuz ရေလက်ကြားအနီး ရေနံတင်သင်္ဘောနှစ်စင်းကို ဖမ်းဆီးရန် ကြိုးပမ်းမှုများပြုလုပ်ခဲ့ပြီးနောက် ကုန်တင်သင်္ဘော တစ်စီးကို အီရန် စစ်တပ်၏ ရေတပ်မှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာ လည်းဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဥ်များ ဖြစ်ပွားပြီးနောက် အမေရိကန် စစ်တပ်က ကုန်တင်သင်္ဘောများ သွားလာနေသော Hormuz ရေလက်ကြား သင်္ဘောများသွားရာ ရေလမ်းတစ်လျှောက်တွင် အမေရိကန်စစ်တပ်က လေကြောင်းကာဗာ များပေးနိုင်ရန် ရည်ရွယ်ပြီး အီရန်စစ်တပ်ကို အဟန့်အတားဖြစ်စေသည့် ဧရိယာများအတွင်း အမေရိကန် စစ်တပ်၏စွမ်းဆောင်မှုများ တိုးမြင့် စေရန် ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

အမေရိကန် စစ်တပ်က ပင်လယ်နီတွင်ရှိနေသည့် ၎င်းတို့၏ မဟာဗျူဟာမြောက် Hunder အမည်ရှိ မဟာဗျူဟာမြောက် ဖျက်သင်္ဘော USS Thomas Hudner နှင့် F-35 တိုက်လေယာဉ် အများအပြားကို ထိုဒေသသို့ ဦးတည်သွားပြီဖြစ်ကြောင်း ပင်တဂွန် (အမေရိကန်) က ပြီးခဲ့သည့် တနင်္လာနေ့က ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားသို့ နောက်ထပ် စစ်သင်္ဘောနှစ်စင်း စေလွှတ် သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်နေ့က ပင်တဂွန်(အမေရိကန်)က ထပ်လောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံ ရဲ့ နိုင်ငံတကာ ကုန်တင်သင်္ဘော များကို ခြိမ်းခြောက် နေမှုများကနေ အမေရိကန်နိုင်ငံက ကာကွယ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် Hormuz ရေလက်ကြားကို စေလွှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ သင်္ဘောနှစ်စင်းကို အားကောင်းစေမယ်လို့ ပင်တဂွန် (အမေရိကန်) စစ်ဌာနချုပ်က ပြောကြားခဲ့ တာလည်းဖြစ်ပါတယ်။

ထို့နောက် အဆိုပါ ခြိမ်းခြောက် မှုလုပ်ငန်းများ ကိုကာကွယ်နိုင်ရန် အတွက် အမေရိကန် စစ်တပ်၏ USS Bataan (LHD-5) ကုန်းနေရေနှစ်သွယ် ချေမှုန်းရေး စစ်သင်္ဘောနှင့် USS Carter Hall (LSD-50) ကုန်းနေရေနှစ်သွယ် ချေမှုန်းရေး စစ်သင်္ဘောတို့ကို ထပ်မံစေ လွှတ်သွားမှာဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။