(မိုးလေဝသ) ဧပြီ ၂၉
မန္တလေးမြို့တွင် အင်အားအသင့်တင့်ရှိ ငလျင်တခု လှုပ်ခက်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနမှ သိရသည်။
ယနေ့မွန်းလွဲ၃နာရီ၂၀မိနစ်အချိန်က ပုသိမ်ကြီးမြို့နယ်၏ မြောက်ဘက် ၃မိုင်ခန့်အကွာ ဆင်ရွာကြီးကျေးရွာအနီး ဗဟိုပြု၍ ပြင်းအား ၃.၇အဆင့်ရှိိပြီး မြေအောက် ၅ကီလိမီတာတွင်လုပ်ခတ်ခဲ့ရာ မန္တလေးမြို့ရှိိ ပြည်သူများ သိသာစွာ စိုးရိမ်ထိပ်လန့်မှုခံစားရကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုတွင် မြည်ဟီးသံကြားရပြီး မန္တလေးမြို့အနီး ဝန်းကျင်ရှိိ မြစ်ငယ်၊ စဥ့်ကိုင် ၊ တံတားဦး၊ ပုလိပ်၊ကျောက်ဆည်မြို့တို့တွင်လည်း ခံစားရကြောင်း သိရသည်။
#PAN