
(ပြည်တွင်း) ဧပြီ ၂၈
ရွှေလိပ်ပြာဟိုတယ်ကို ခရိုင်ဦးစီးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် သက်ဆိုင်ရာဌာပေါင်းစုံက ဝင်ရောက်စစ်ဆေး ခဲ့ပြီး မဟုတ်မမှန်စွပ်စွဲပြောဆိုသူများကို အရေးယူရန်စီစဉ်နေဟု ရွှေလိပ်ပြာဟိုတယ်က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ရက်နေ့က အစိုးရ ဆန့်ကျင်ဘက်အဖွဲ့စည်းများမှ လူမှုကွန်ရက်စာမျက်နှာအချို့တွင် ရွှေလိပ်ပြာဟိုတယ်တွင် ကျားဖျန့်လုပ်ငန်း လုပ်ကိုင်နေဆိုသည့် သတင်းအား ဖြန့်ဝေခဲ့ပြီးနောက် ဟိုတယ်ဘက်မှ ဧပြီလ၂၇နေ့ မှာ ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။
ထို့ပြင် မိမိတို့ ရွှေလိပ်ပြာ ဟိုတယ်သည် (၁၉၉၆)ခုနှစ်မှ စ၍ ဖွင့်လှစ်ခဲ့ပြီး ယခုချိန်ထိ ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ရွှေလိပ်ပြာဟိုတယ်ကို ပျက်စီးစေလိုသူများမှ သတင်းအမှားများဖြင့် မဟုတ်မမှန် စွပ်စွဲပြောဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ခရိုင်ဦးစီးမှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းပေါင်းစုံမှ ဝင်ရောက်စစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ ဟိုတယ်အား မဟုတ်မမှန် စွပ်စွဲပြောဆိုသူများအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရွှေလိပ်ပြာဟိုတယ် အထွေထွေမန်နေဂျာက ထုတ်ပြန်ထားသည်။