ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ လုပ်ကြံမှု အစိုးရအဖွဲ့ဝင်များကို တမင်ပစ်မှတ်ထားခဲ့

(နိုင်ငံတကာ)ဧပြီ ၂၇

     ​ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ကယ်လီဖိုးနီးယားပြည်နယ်မှ အချိန်ပိုင်းဆရာတစ်ဦးဖြစ် ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး၊ လက်ရှိတွင် အာဏာ ပိုင်များက ၎င်း၏ လုပ်ကြံမှုနောက်ကွယ်မှ ရည်ရွယ် ချက်များကို အသေးစိတ်စုံစမ်းလျက်ရှိသည်။

​     သံသယရှိသူမှာ အသက် ၃၁ နှစ်အရွယ် ကိုးလ် တောမတ်စ် အလန် (Cole Tomas Allen) ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ တောရန့်စ်မြို့တွင် အချိန်ပိုင်းဆရာအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ ၎င်းသည် ဗီဒီယိုဂိမ်းရေးသားသူတစ်ဦးလည်း ဖြစ်သည်။ ၎င်း ၏နှမဖြစ်သူ၏ ထွက်ဆိုချက်အရ အလန်သည် လော့စ်အိန်ဂျလိစ်ရှိ လက်ဝဲယိမ်းလှုပ်ရှားမှုများတွင် ပါဝင်လာပြီးနောက် အစွန်းရောက်လာကာ လက်နက်များဝယ်ယူစုဆောင်းပြီး သေနတ်ပစ်လေ့ကျင့်မှုများ ပုံမှန်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုမပြုမီ အလန်သည် မိသားစုဝင်များထံ သို့ “ခွင့်လွှတ်ဖို့ မမျှော်လင့်ပါဘူး” ဟု အစချီထားသည့် မှတ်စုတစ်ခုကို ပေးပို့ခဲ့သည်။ ၎င်းက မိမိကိုယ်ကိုယ် “Friendly Federal Assassin” ဟု ခေါ်ဆိုခဲ့ပြီး အစိုးရ အဖွဲ့ဝင်များကို ပစ်မှတ်ထားမည်ဖြစ်ကြောင်းနှင့် သမ္မတထရန့်အား “သစ္စာဖောက်” တစ်ဦးအဖြစ် ရည် ညွှန်းရေးသားခဲ့သည်။

     သမ္မတထရန့်ကမူ အဆိုပါတရားခံ၏ လူမှုကွန်ရက်မှတ်တမ်းများသည် “ခရစ်ယာန်ဆန့်ကျင်ရေး” (Anti-Christian) သဘောထားများဖြစ်သည်ဟု ဖော်ပြခဲ့သည်။

​     အလန်သည် လော့စ်အိန်ဂျလိစ်မှ ဝါရှင်တန်ဒီစီသို့ ရထားဖြင့်လာရောက်ကာ ညစာစားပွဲကျင်းပသည့် ဟိုတယ်၌ တည်းခိုခဲ့သည်။ ၎င်းသည် .၃၈ ကယ်လီဘာ ပစ္စတိုတစ်လက်နှင့် ၁၂ ဂေါ့ရှော့ဂန်း တစ်လက်တို့ကို ကိုင်ဆောင်ကာ လုံခြုံရေးဂိတ်ကို အတင်းဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်။

     ပစ်ခတ်မှုအတွင်း လျှို့ဝှက်ထောက်လှမ်းရေးအရာ ရှိတစ်ဦး ကျည်ထိမှန်ခဲ့သော်လည်း ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ အာဏာ ပိုင်များက တရားခံကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့သော် လည်း သမ္မတထရန့်နှင့် အစိုးရအဖွဲ့ဝင်များမှာ ဘေးကင်းရာသို့ အလုအယက် ရှောင်တိမ်းခဲ့ကြရသည်။

​     ခေတ္တရှေ့နေချုပ် တော့ဒ် ဘလန့်ချ်၏ အဆိုအရ ပဏာမစုံစမ်းစစ်ဆေးမှုများတွင် တရားခံသည် အစိုးရ အဖွဲ့ဝင်များကို တမင်ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။ လက်ရှိတွင် ၎င်း၏ ဒေါသဖြစ်စေခဲ့သော အကြောင်းရင်းများ (ဥပမာ – ထိန်းသိမ်းရေးစခန်းများအပေါ် မကျေနပ်မှု) နှင့် နိုင်ငံရေးအစွန်း ရောက်မှုများကို အာဏာပိုင်များက ဆက်လက်စစ် ဆေးနေပါသည်။

​#TrumpAssassinationAttempt #ColeTomasAllen #WashingtonDC #SecretService #BreakingNews #PositiveAngleNews #InternationalNews #PoliticalViolence

Telegram»…
https://t.me/positiveanglenews

#PAN