
(နိုင်ငံတကာ)ဧပြီ ၂၅
အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် သုံးပတ်ကြာ သက် တမ်းတိုးလိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အစ္စရေးသည် လက်ဘနွန်တောင်ပိုင်းအပေါ် တိုက်ခိုက်မှုများကို ဆက် လက်လုပ်ဆောင်ခဲ့သည်။
အစ္စရေးစစ်တပ်က သောကြာနေ့တွင် လက်ဘနွန်တောင်ပိုင်း ဘင့်ဂျဘေးလ် (Bint Jbeil) ဧရိယာအတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဟစ်ဇဘိုလာတိုက် ခိုက်ရေးသမား ခြောက်ဦးကို “ချေမှုန်း” နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဌာနကလည်း တောင်ပိုင်းဒေသ တူးလင်း (Touline) ၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများသည် အစ္စရေးစစ်တပ်နှင့် လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဇဘိုလာတို့အကြား သီတင်းပတ်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဧပြီလ ၁၆ ရက်နေ့တွင် စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို နောက်ဆုံးအကြိမ် ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။
အစ္စရေးတပ်ဖွဲ့များသည် ပိတ်ဆို့ခံထားရသော ဂါဇာကန့်သတ်နယ်မြေအတွင်းရှိ အစ္စရေးစစ်ရေးအစီ အမံများနှင့် ဆင်တူသည့် “ဝါရောင်မျဉ်း” (yellow line) ဟု ခေါ်ဆိုသော နယ်မြေတစ်ခုကို သတ်မှတ်ပြီးနောက် လက်ဘနွန်တောင်ပိုင်းတွင် ဆက်လက်တပ်စွဲထားဆဲ ဖြစ်သည်။
မတ်လ ၂ ရက်နေ့ကတည်းက စတင်ခဲ့သည့် အစ္စရေးစစ်တပ်နှင့် ဟစ်ဇဘိုလာတို့အကြား တိုက်ပွဲများအတွင်း သေဆုံးသူပေါင်း ၂,၄၉၁ ဦးရှိလာပြီး ၇,၇၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာနက ဆိုသည်။
လက်ဘနွန်တောင်ပိုင်းတွင် တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ ဟစ်ဇဘိုလာအဖွဲ့က အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးခြင်းသည် “အဓိပ္ပာယ်မဲ့သည်” ဟုဆိုကာ ပယ်ချလိုက်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ အစ္စရေးအနေဖြင့် “မည်သည့်ခြိမ်းခြောက်မှုကိုမဆို လွတ်လပ်စွာ တုံ့ပြန်ဆောင်ရွက်ပိုင်ခွင့်ကို အပြည့်အဝ ဆက်လက်ထိန်းသိမ်းထားသည်” ဟု ပြောကြားခဲ့ပြီး၊ ဟစ်ဇဘိုလာသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို “နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေ သည်” ဟု စွပ်စွဲခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အပစ်ရပ်သက်တမ်းတိုးမှုကို ကြိုဆိုခဲ့ပြီး အမေရိကန်၏ ကြားဝင်စေ့စပ်မှုကို ချီး ကျူးခဲ့သည်။ သို့သော်လည်း နှစ်ဖက်စလုံးအနေဖြင့် နိုင်ငံ တကာဥပဒေများကို လေးစားလိုက်နာရန်နှင့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းထားပါသည်။
#LebanonConflict #IsraelHezbollah #CeasefireExtension #MiddleEastNews #UnitedNations #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN