
(နိုင်ငံတကာ) ဧပြီ ၂၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မဟာဗျူ ဟာမြောက် ဟော်မုဇ်ရေလက်ကြားအတွင်း ရေမိုင်းထောင်ရန် ကြိုးပမ်းသည့် အီရန်လှေမှန်သမျှကို “တွေ့ရှိပါက ပစ်သတ်ရန်” အမေရိကန်ရေတပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဤပြတ်သားသော ညွှန်ကြားချက်ကြောင့် နှစ်နိုင်ငံအကြား ရရှိထားသော မရေရာသည့် အပစ်အခတ်ရပ်စဲရေးမှာ ပြိုကွဲပျက်စီးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
သမ္မတထရန့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေလက်ကြားအတွင်း အီရန်၏ ရေတပ်အင်အားမှာ များစွာထိခိုက်ပျက်စီးနေပြီဖြစ်ကြောင်းနှင့် ကျန်ရှိနေသော လှေငယ်များဖြင့် ရေမိုင်းထောင်ခြင်းကို ခွင့်မပြုနိုင်ကြောင်းကို “ဟော်မုဇ်ရေလက် ကြား ရေပြင်ထဲမှာ ရေမိုင်းထောင်နေတဲ့ ဘယ်လိုလှေမျိုးကိုမဆို ပစ်သတ်ဖို့ ကျွန်တော် အမိန့်ပေးထားပါတယ်။ ဘယ်လိုတုံ့ဆိုင်းမှုမျိုးမှ မရှိရဘူး။” ဟု ရေး သားခဲ့သည်။ ထို့အပြင် အမေရိကန်၏ မိုင်းရှင်းလင်းရေး လုပ်ငန်း စဉ်များကိုလည်း အရှိန် (၃) ဆမြှင့်တင်ရန် ညွှန်ကြားထားသည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ လမ်း ကြောင်းဖြစ်သဖြင့် ယခုကဲ့သို့ စစ်ရေးပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်နေသည်။ အမေရိကန်ပြည်တွင်း၌ပင် ဓာတ်ဆီတစ်ဂါလန်လျှင် ၄ ဒေါ်လာကျော်အထိ မြင့်တက်လာမှုကြောင့် ထရန့်အစိုးရအပေါ် နိုင်ငံရေးအရ ဖိအားများ ရှိနေသည်။
အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ သေဆုံးပြီးနောက် သားဖြစ်သူ မော်ဂျတာဘာ (Mojtaba)က ဆက်ခံခဲ့သော်လည်း ၎င်း၏ ကျန်းမာ ရေးနှင့် ပတ်သက်၍ သတင်းများ အမျိုးမျိုး ထွက်ပေါ်နေသည်။ သမ္မတထရန့်က အီရန်ခေါင်းဆောင်ပိုင်းအတွင်း “သဘောထားတင်းမာသူများ” နှင့် “သဘော ထားပျော့ပျောင်းသူများ” အကြား အပြင်းအထန် စိတ် ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသော်လည်း၊ အီရန်ဘက်ကမူ အမေရိကန်၏ ပိတ်ဆို့မှုကို ငြင်းပယ်ရာတွင် တစ်ညီတစ်ညွတ်တည်း ရှိနေကြောင်း တုံ့ပြန်ထားသည်။
#HormuzStrait #TrumpOrder #USNavy #IranConflict #EnergyCrisis #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN