
(နိုင်ငံတကာ) ဧပြီ ၂၃
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ တရားသူ ကြီးများသည် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) အပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဖြစ် လူသတ်မှုစွဲချက် သုံးခုစလုံးကို ကြာသပတေးနေ့တွင် အတည် ပြုလိုက်ပြီး ၎င်းအား ရုံးတင်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
အသက် ၈၁ နှစ်အရွယ်ရှိ ဒူတာတေးသည် ၎င်းအာဏာရစဉ်(၂၀၁၆-၂၀၂၂) အတွင်း ပြုလုပ်ခဲ့သည့် “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ” ၌ လူပေါင်း ၇၆ ဦးကို သတ်ဖြတ်မှုနှင့် အခြားနှစ်ဦးကို သတ်ဖြတ်ရန် ကြိုးပမ်းမှုတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ယူဆရန် ခိုင်လုံသောအကြောင်းပြချက်များ ရှိကြောင်း ICC က ဆိုသည်။
ဒူတာတေးသည် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်း ဝယ်သူဟု သံသယရှိသူများကို သတ်ဖြတ်ရန် “သေမင်းတမန်အဖွဲ့များ”(Death Squads)ကို ဖွဲ့စည်းရန် ရန်ပုံငွေထောက်ပံ့ခြင်းနှင့် လက်နက်တပ်ဆင်ပေးခြင်းတို့ ပြု လုပ်ခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲထားသည်။ ရဲတပ်ဖွဲ့စာရင်းအရ သေဆုံးသူ ၆,၀၀၀ ခန့်ရှိ သော် လည်း လူ့အခွင့်အရေးအဖွဲ့များကမူ သေဆုံးသူ ၃၀,၀၀၀ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ဒူတာတေးသည် ပြီးခဲ့သည့်နှစ်ကတည်းက ဖိလစ်ပိုင်တွင် ဖမ်းဆီးခံထားရသော်လည်း ၎င်းအပေါ်စွဲချက်များကို ငြင်းဆိုထားသည်။ ၎င်း၏ရှေ့နေများက ဒူတာတေး သည် စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း အားနည်းနေသဖြင့် တရားခွင်လုပ်ငန်းစဉ်များကို လိုက်ပါနိုင်စွမ်းမရှိကြောင်း ပြောဆိုနေကြသဖြင့် ၎င်းကိုယ်တိုင် တရားခွင်တက်၊ မတက်မှာ မရေရာသေးပေ။
လူ့အခွင့်အရေးအဖွဲ့အစည်းများက ယခုဆုံးဖြတ် ချက်ကို “သမိုင်းဝင်အခိုက်အတန့်” အဖြစ် ကြိုဆိုကြသည်။ ဤလုပ်ရပ်သည် မည်သည့်အာဏာရှိသူမဆို ဥပဒေအထက်မှာ မရှိကြောင်းနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်သူများသည် တစ်နေ့တွင် တရားမျှတမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြတ်သားသည့် သတင်းစကား ပေးလိုက်ခြင်း ဖြစ်သည်။
#RodrigoDuterte #ICCRuling #PhilippinesWarOnDrugs #HumanityCrimes #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN