
(မှုခင်း) ဧပြီ ၂၃
ကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကော်သူးလေအာမီ- KTLA အဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အဖွဲ့တို့ အချင်းချင်းပစ်ခတ်လို့ ကလေးငယ် ၁ ဦး အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အကြမ်ဖးက်အဖွဲ့ဝင်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က အဖွဲ့ဝင်တွေဖြစ်ပြီး ကော်သူးလေအာမီ- KTLA အဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရတာဖြစ်ပါတယ််။
မနေ့က မနက်အစောပိုင်း ၄ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်က သမီးပေါ်သော(ဟင်းကပိ) ကျေးရွာအတွင်းမှာ ရှိနေတဲံ KNLA တပ်ရင်း (၁၂)က အကြမ်းဖက်အဖွဲံတွေကို KTLA အကြမ်းဖက်အဖွဲ့ဝင်တွေ က ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
KTLA က ပစ်ခတ်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်အပြင် KNLA တပ်ရင်း (၁၂) အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးလည်း ကျဆုံးခဲ့ဝာယ်လို့ ကရင်ပြည်နယ်ရဲ့ အကြမ်းဖက်အဖွဲ့ချုပ်ဖြစ်တဲ့ ကရင့်အမျိုးသားအစည်းရုံး KNU က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကလည်း သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော(ပျားသားချောင်း) ကျေးရွာအကြားမှာ KTLA အကြမ်းဖက်အဖွဲ့က KNLA အကြမ်းဖက်တွေကို ခြုံခိုတိုက်ခိုက်ခဲ့လို့ KNLA တပ်မဟာ(၄)က အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးမှာ အသီးသီးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့လည်း သိရပါတယ်။