(စီးပွားရေး) ဧပြီ ၂၃
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် Seafood Expo Global ပြပွဲတွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်လုပ်ငန်းလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။အဆိုပါရေထွက်ကုန်ပြပွဲတွင် မေယု ရေထွက်ကုန်လုပ်ငန်းလည်း ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။

မေယု ရေထွက်ပစ္စည်း ထုတ်လုပ် တင်ပို့သည့် ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်မှ စတင်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ချီးမြှင့်သည့် အကောင်းဆုံး ပို့ကုန်တင်ပို့မှု (ပြည်ပကုန်သွယ်မှု) ပထမဆုကို ၇ နှစ်ဆက်တိုက် ရရှိထားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး အအေးခန်းသိုလှောင်ရုံများထဲမှ တစ်ခုဖြစ်သည့် တန်ချိန် ၄,၀၀၀ ဆံ့ အအေးခန်းစနစ်ဖြင့် နိုင်ငံတကာဈေးကွက်များအတွက် အရည်အသွေးကို စနစ်တကျ ထိန်းသိမ်းတင်ပို့လျက်ရှိပြီး ဥရောပစံချိန်စံညွှန်း (EU Standards) နှင့် HACCP လက်မှတ်များကိုလည်း ရရှိထားသည်။
#PAN