ပြည်တွင်း) ဧပြီ ၂၁
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အကြိုမိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိတ်ဆက်ဆွေးနွေးပွဲကို စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ ရွှေမင်းဝံရိပ်သာ၌ ယနေ့ ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ဧပြီ ၂၁ ရက် ယနေ့ နံနက် ၁၀ နာရီတွင် ပိုးတန်းရပ်ကွက်ရှိ ခရိုင်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းဇေယျာမြင့်တို့အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

ထိုသို့ရှင်းလင်းရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံပြည်သူများထံ သတင်းအချက်အလက်များ ရောက်ရှိနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


#PAN