
(နိုင်ငံတကာ) ဧပြီ ၁၉
မလေးရှားနိုင်ငံ၊ ဆာဘား (Sabah) ပြည်နယ်၊ ဆန်ဒကန်ခရိုင်ရှိ ကမ်းရိုးတန်းရေပေါ်ကျေးရွာတစ်ခုတွင် ယနေ့ (တနင်္ဂနွေနေ့) နံနက်အစောပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ ခန့် ပြာကျပျက်စီးသွားပြီး လူပေါင်း ၄၅၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုမှာ နံနက် ၁ နာရီ ၃၂ မိနစ်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များ ချက်ချင်းရောက်ရှိလာခဲ့သော်လည်း အခက်အခဲများကြောင့် မီးငြှိမ်းသတ်ရန် ကြန့်ကြာခဲ့ရသည်ဟု ဆိုသည်။ မီးသတ်သမားများ သည် မီးငြှိမ်းသတ်ရန်အတွက် လုံလောက်သော ရေအရင်းအမြစ် ရှာဖွေရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
လက်ရှိတွင် မီးဘေးသင့်ပြည်သူ ၄၄၅ ဦးခန့်ကို ဆန်ဒကန်ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေရာချထားပေးပြီး ဖြစ်သည်။ အဆိုပါကျေးရွာတွင် အခြေခံလူတန်းစားများ၊ နိုင်ငံမဲ့များနှင့် တိုင်းရင်းသားလူနည်းစုများ အများစုနေထိုင်ကြခြင်းဖြစ်ရာ ပိုမိုထိခိုက်လွယ်သည့် အခြေအနေဖြစ်နေသည်။ ဒေသန္တရအာဏာပိုင်များ၏ စစ်ဆေးချက်အရ ကျန်ရှိနေသည့် အိမ်အချို့မှာလည်း နေထိုင်ရန် မလုံခြုံတော့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘေးသင့်ပြည်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ဖက်ဒရယ်အစိုးရအနေဖြင့် ဆာဘားပြည်နယ်အာ ဏာပိုင်များနှင့် ပူးပေါင်းကာ အခြေခံလိုအပ်ချက်များနှင့် ယာယီနေထိုင်စရာများကို အမြန်ဆုံး စီစဉ်ပေးနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
#SabahFire #Sandakan #MalaysiaNews #FireAccident #HumanitarianAid #AnwarIbrahim #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN