ပေါင်းလောင်းမြစ်အတွင်း ရေဆင်းချိုးရာမှ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

(မှုခင်း) ဧပြီ ၄

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင်အနီးရှိ ပေါင်းလောင်းမြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသူ အမျိုးသား၏ ရုပ်အလောင်းအား ယနေ့နံနက်ပိုင်းက ပြန်လည်တွေ့ရှိကြောင်း သိရသည်။ဧပြီလ ၃ရက် ညနေ၅နာရီကျော် အချိန်တွင် အောက်ပေါင်းလောင်းလျှပ်စစ်စက်ရုံဝင်ပေါက်ဂိတ်( ၁)တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော စောဌေးဝင်းသန်းသည် သူငယ်ချင်းများအတူ ပေါင်းလောင်းမြစ်ထဲသို့ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေနစ်ပျောက်ဆုံးနေသူ စောဌေးဝင်းသန်းအား ကျည်တောင်ကျေးရွာမှ ရေးငုတ်သမားအဖွဲ့မှရှာဖွေခဲ့ရာ ယနေ့ နံနက် ၁၁နာရီကျော်အချိန်တွင် တွေ့ရှိခဲ့ပြီး သေဆုံးသူ၏ရုပ်အလောင်းအား နေပြည်တော်၊ ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံသို့ ဂရုဏရှင် လူမှုကူညီးရေးကားဖြင့် ပို့ဆောင်ထားရှိကြောင်း သိရသည်။

#PAN