အီရန်သို့ တပ်ဖွဲ့များစေလွှတ်ရာတွင် လွှတ်တော်က ဆုံး ဖြတ်ပိုင်ခွင့်ရှိရမည်ဟု ရစ်ပတ်ဘလီကန်အမတ် နန်စီမေ့စ် ပြောကြား

(နိုင်ငံတကာ)မတ် ၃၀

    ရစ်ပတ်ဘလီကန်ပါတီဝင် အမေရိကန် ရစ်ပတ်ဘလီကန်လွှတ်တော်အမတ် နန်စီမေ့စ် (Nancy Mace) က အီရန်နိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည့် မည်သည့်ဆုံးဖြတ်ချက်တွင်မဆို ကွန်ဂရက်လွှတ်တော်က ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ရှိရမည်ဟု ပြောကြားခဲ့သည်။ ဤပြောကြားချက်သည် သမ္မတ ဒေါ်နယ်ထရန့်၏ ၎င်းတို့နိုင်ငံရေးပါတီအတွင်း ၌ပင် သဘောထားကွဲလွဲမှုများ ရှိနေသည်ကို ပိုမိုထင်ရှားစေခဲ့သည်။

     အီရန်စစ်ပွဲနှင့် ပတ်သက်သည့် ပြည်သူ့လွှတ်တော် ၏ လျှို့ဝှက်အဆင့်အတန်းသတ်မှတ်ထားသော အစီ ရင်ခံစာ (Classified Briefing) ကို တက်ရောက်နား ထောင်ပြီးနောက် ရက်အနည်းငယ်အကြာ တနင်္ဂနွေ နေ့တွင် မေ့စ်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ် သည်။ လက်ရှိအစိုးရ၏ စစ်ရေးအစီအစဉ်များနှင့် ပတ်သက်၍ အဆိုပါ အစီရင်ခံစာက စိုးရိမ်စရာများကို မြင့်တက်စေခဲ့ကြောင်း ၎င်းက ဆိုသည်။

     ဝါရှင်တန်ပို့စ် (Washington Post) သတင်းစာတွင် ပင်တဂွန်စစ်ဌာနချုပ်သည် အီရန်နိုင်ငံအတွင်းရှိ ခါ့ဂ်ကျွန်း (Kharg Island) နှင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီးရှိ နေရာများကို ဝင်ရောက်စီးနင်းရန် အပါအဝင် အကန့်အသတ်ရှိသော မြေပြင်စစ်ဆင်ရေးများအတွက် ပြင်ဆင်နေကြောင်း ဖော်ပြခဲ့သည့်နေ့တွင်ပင် နန်စီမေ့စ်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

     “တကယ်လို့ ကျွန်မတို့ဟာ မရိန်းတပ်ဖွဲ့တွေ၊ ၈၂-လေကြောင်းချီတပ်ဖွဲ့တွေနဲ့ ပုံမှန်မြေပြင်စစ်ဆင်ရေးတွေ လုပ်တော့မယ်ဆိုရင် ဒါဟာ မြေပြင်စစ်ပွဲ (Ground war) တစ်ခုဖြစ်လာမှာပါ။ ဒီကိစ္စမှာ ကွန်ဂရက်လွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်၊ ကျွန်မတို့ကိုလည်း အသေးစိတ် ရှင်းလင်းတင်ပြရမယ်လို့ ယုံကြည်ပါတယ်” ဟု နန်စီမေ့စ်က CNN နှင့် အင်တာ ဗျူးတွင် ပြောကြားခဲ့သည်။

     ၎င်းက ဆက်လက်၍ “ကျွန်မတို့ မြေပြင်တပ်ဖွဲ့ဝင်တွေကို မစေလွှတ်ချင်ပါဘူး။ ဒါဟာ လူအတော်များများအတွက် ကျော်မတက်ရမယ့် စည်းတစ်ခုလို့ ထင်ပါတယ်။ တကယ်လို့ ဒါကိုလုပ်မယ်ဆိုရင် လွှတ်တော်ကိုလာပြီး သင့်တော်တဲ့ လုပ်ပိုင်ခွင့်ကို အရင်ယူပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

     သမ္မတထရန့်သည် အီရန်သို့ အမေရိကန်တပ်များ စေလွှတ်ရန် ယခုအချိန်အထိ လူသိရှင်ကြား ထောက်ခံပြောဆိုခြင်း မရှိသေးသော်လည်း ရွေးချယ်စရာအား လုံးကို ပွင့်လင်းစွာ ချန်ထားဆဲဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က စစ်ပွဲစတင်ခဲ့ပြီးနောက် တစ်လအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့သည်ဟု ၎င်းက ဆိုသော်လည်း စစ်ပွဲ၏ နောက် ဆုံးပန်းတိုင်နှင့် အချိန်ဇယားမှာမူ ရှင်းလင်းစွာ မသိရသေးပေ။

     စစ်ရေးကျွမ်းကျင်သူများနှင့် ထရန့်၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးတို့က စစ်ပွဲအတွင်း အီရန်၏ စစ်ရေးစွမ်းဆောင်ရည်များ လျော့ကျသွားသော် လည်း၊ အီရန်သည် ဒေသတွင်းကို ထိခိုက်ပျက် စီးစေရန်နှင့် စစ်အင်အား ပြန်လည်တည်ဆောက်ရန် စွမ်းရည်ရှိနေဆဲဖြစ်ကြောင်း သတိပေးထားကြသည်။

     တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လီဗစ် (Karoline Leavitt) က ဝါရှင်တန်ပို့စ် (Washing – ton Post) ၏ သတင်းဖော်ပြချက်ကို ငြင်းဆိုခြင်းမရှိပေ။ သို့သော် ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် သမ္မတ လေ့လာသုံးသပ်နိုင်ရန်အတွက် ရွေးချယ်စရာ နည်းလမ်းအမျိုးမျိုးကို ပုံမှန်ပြင်ဆင်လေ့ရှိကြောင်းသာ ပြောကြားခဲ့သည်။

     အီရန်မြေပြင်ပေါ်သို့ ခြေလျင်တပ်ဖွဲ့ဝင်များ (Boots on the ground) စေလွှတ်ရေး ဆုံးဖြတ်ချက်သည် သမ္မတထရန့်အတွက် နိုင်ငံရေးအရ အလွန်ခက်ခဲသည့် အလှည့်အပြောင်း (Rubicon) တစ်ခု ဖြစ်နေသည်။ ၎င်းသည် ပြည်ပစစ်ပွဲများတွင် လျင်မြန်ပြီး အကန့် အသတ်ရှိသော စစ်ရေးလှုပ်ရှားမှုများကိုသာ ဦးစား ပေးသည့် “America First” (အမေရိကန် ဦးထိပ်ထားရေး) ဗျူဟာကို ကာလရှည်ကြာ ကျင့်သုံးခဲ့သူဖြစ် သည်။

     ဤဆုံးဖြတ်ချက်သည် ရစ်ပတ်ဘလီကန် လွှတ် တော်အမတ်များအတွက်လည်း ကြီးမားသည့် စမ်း သပ်ချက်တစ်ခု ဖြစ်လာသည်။ ၎င်းတို့သည် ယေဘု ယျအားဖြင့် ထရန့်ကို ထောက်ခံကြသော်လည်း၊ ထရန့်၏ “MAGA” လှုပ်ရှားမှုအတွင်း သြဇာရှိသူအချို့ကမူ ယခုစစ်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချနေကြသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က တက္ကဆက်ပြည်နယ်၊ ဒါးလပ်စ်မြို့တွင် ကျင်းပခဲ့သည့် ကွန်ဆာဗေးတစ်နိုင်ငံ ရေးလှုပ်ရှားမှုညီလာခံ (CPAC) ၌ ဟောပြောသူအချို့က စစ်ပွဲကို ထောက်ခံကြသော်လည်း အချို့မှာမူ ဤကိစ္စကို ရှောင် လွှဲခဲ့ကြသည်။

     ပြီးခဲ့သည့်အပတ်က Wall Street Journal ၏ ဖော် ပြချက်အရ သမ္မတထရန့်သည် ပုံမှန်အားဖြင့် အမေရိကန်တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့် အခြေစိုက်ထားသည့် အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ် တပ်သား ၁၀,၀၀၀ ထပ်မံစေလွှတ်ရန် စဉ်းစားနေကြောင်း သိရသည်။

​#USMilitaryExpansion #IranConflict #MiddleEastWar #EliCrane #TrumpAdministration #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN