မီးဖိုမှတဆင့် မီးပွားလွင့်ကာ မီးလောင်မှုဖြစ်ပွားသဖြင့်အမျိုးသား ၁ဦးသေဆုံး

(မှုခင်း) မတ် ၂၆

မန္တလေးတိုင်းဒေသကြီး ၊မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊အကွက်(၂၇၆)၊ရှမ်းဝိုင်းရပ်၊ ၈၆×၃၇ လမ်းထောင့်ရှိ နံကပ် ၃ထပ်နေအိမ်၌ ယနေ့နံနက်၉နာရီ၅၀မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက်၉နာရီ၅၅ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး နံနက်၁၀နါရီကျော်အချိန်တွင် မီးငြှိမ်းသတ်နိူင်ခဲ့​ပါသည်။

အဆိုပါ မီး​လောင်မှု​ကြောင့် အိမ်ရှင် ​ဒေါ်သန်းသန်း၊၅၁နှစ်၊(ဘ) ဦးလှ​မောင်တွင် ယာ-ပါးပြင်၊ယာ-လက်​မောင်း၊ဝဲ-လက်ဖမိုးတို့တွင် မီး​ဟပ်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပြီး မောင်မင်းခန့်​မောင်၊၁၇နှစ်၊(ဘ)ဦး​ဇော်မင်းဦး၊G-10 ​ကျောင်းသားမှာ မီး​လောင်ဒဏ်ရာများဖြင့် ​သေဆုံးခဲ့​ကြောင်းသိရသည်။

မီး​လောင်ရသည့်ဖြစ်စဥ်မှာ ဦးဇော်မင်းဦး​၊၅၂နှစ်၊(ဘ)ဦးကံချွန်၏နေအိမ်တွင် မီး​သွေးမီးဖိုအား မီး​မွှေးထားရာမှ အနီးရှိ ထီးရွက်တဲသို့ မီးပွားလွင့်စင်ကျသဖြင့် လောင်ကျွမ်းရာမှ ကူးစက်​လောင်ကျွမ်းခြင်းဖြစ်​ကြောင်း၊မီး​လောင်မှု​ကြောင့် ၁၃×၁၆ ​ပေရှိ နံကပ် ၃ထပ် ​နေအိမ် ၁လုံးနှင့် အတွင်း ပစ္စည်းများ မီး​လောင်ပျက်စီးခဲ့ကြောင်း၊ မီး​ပေါ့ဆစွာသုံးစွဲသူ အိမ်ရှင် ဦး​​​ဇော်မင်းဦးအား အမှုဖွင့် အ​ရေးယူထားကြောင်း သိရသည်။

#PAN