“ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဥပဒေအထောက်အကူအဖွဲ့ တွေ့ဆုံ—ဥပဒေရေးရာလုပ်ငန်းများ ဆွေးနွေး”

(ပြည်တွင်း) မတ် ၂၆

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်သည် ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်အောင်နှင့် အဖွဲ့ဝင်များအား ၎င်း၏ ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌက ရှမ်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် ဥပဒေအထောက်အကူပြုလုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် လိုအပ်ပါက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

#PAN