(မှုခင်း) မတ် ၂၆
မန္တလေးတိုင်းဒေသကြီး ၊မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊အကွက်(၂၇၆)၊ရှမ်းဝိုင်းရပ်၊ ၈၆×၃၇ လမ်းထောင့်ရှိ နံကပ် ၃ထပ်နေအိမ်၌ ယနေ့နံနက်၉နာရီ၅၀မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက်၉နာရီ၅၅ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး နံနက်၁၀နါရီကျော်အချိန်တွင် မီးငြှိမ်းသတ်နိူင်ခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်သန်းသန်း၊၅၁နှစ်၊(ဘ) ဦးလှမောင်တွင် ယာ-ပါးပြင်၊ယာ-လက်မောင်း၊ဝဲ-လက်ဖမိုးတို့တွင် မီးဟပ်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပြီး မောင်မင်းခန့်မောင်၊၁၇နှစ်၊(ဘ)ဦးဇော်မင်းဦး၊G-10 ကျောင်းသားမှာ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

မီးလောင်ရသည့်ဖြစ်စဥ်မှာ ဦးဇော်မင်းဦး၊၅၂နှစ်၊(ဘ)ဦးကံချွန်၏နေအိမ်တွင် မီးသွေးမီးဖိုအား မီးမွှေးထားရာမှ အနီးရှိ ထီးရွက်တဲသို့ မီးပွားလွင့်စင်ကျသဖြင့် လောင်ကျွမ်းရာမှ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊မီးလောင်မှုကြောင့် ၁၃×၁၆ ပေရှိ နံကပ် ၃ထပ် နေအိမ် ၁လုံးနှင့် အတွင်း ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင် ဦးဇော်မင်းဦးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#PAN