
(အားကစား) မတ် ၂၆
၂၀၂၅-၂၀၂၆ MNL အမှတ်ပေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ခဲ့တဲ့ပြီးတဲ့နောက် YARMANYA FC ဘောလုံးအသင်းကို အသင်းပိုင်ရှင်က တရားဝင်ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ ကြီးမှူးကျင်းခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ Myanmar National League(MNL) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဆင့် (၁၂) ရရှိခဲ့တဲ့ YARMANYA FC အသင်းကို ဖျက်သိမ်းလိုက်တယ်လို့ အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
YARMANYA FC အသင်းဟာ 2025-2026 Myanmar National League(MNL)အမှတ်ပေးပြိုင်ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ပြီး သရေ၃ ပွဲရရှိကာ ရမှတ် ၆ မှတ်ဖြင့် MNL-2 ကို တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။
အခက်အခဲ အမျိုးမျိုးကြောင့် အသင်းကိုဆက်လက်မလည်ပတ်နိုင်ခြင်းမရှိတော့တာကြောင့် အသင်းမှာရှိတဲ့ ကစားသမားအားလုံးကိုလည်း စာချုပ်ပါ ကာလအတိုင်း လစာပေးချေပြီး အသင်းကိုတရားဝင်ဖျက်သိမ်းတယ်လို့ အသင်းပိုင်ရှင်လက်မှတ်နဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုလိပ်မှုပြီး အကြောင်းကြားထားတာဖြစ်ပါတယ်။