မိတ္ထီလာတွင် မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဥ် ၉စီးဖြင့် မီးငြိမ်းသတ်ခဲ့ရ

(မှုခင်း) မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ စက်မှုဇုန်(၂)လမ်းတွင် ယနေ့နံနက် ၄နာရီ၅၇မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ နယ်မြေ(၁) အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ နယ်မြေ(၂) အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ ဈေးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၅နာရီခွဲကျော်အချိန် မီးငြိမ်းခဲ့သည်။

အလားတူ ယနေ့နံနက်၉နာရီခွဲ အချိန်က မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်း၊ ၃၇ လမ်းကြားတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။