
(နိုင်ငံတကာ)မတ် ၂၆
အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသော စစ်ပွဲသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို နိုင်ငံ တကာတွင် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်စရာ ဖြစ်လာနေပြီး၊ ယင်းစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် လိုအပ်ကြောင်း ယမန်နေ့ ဩစတြေးလျ လွှတ်တော်အဆောက်အအုံတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဂျာမနီကာကွယ်ရေးဝန်ကြီးက ပြင်းထန်စွာ သတိပေး ပြောကြားလိုက်သည်။
အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေ (International Law) နှင့် ညီညွတ်ခြင်း ရှိ၊ မရှိအပေါ် သံသယများစွာ ရှိနေကြောင်းနှင့် ယင်းစစ်ပွဲကို “အမြန်ဆုံး အဆုံးသတ်ရမည်” (Needs to be ended quickly!) ဟု ဆိုသည်။
စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် “လူထု၏ ဆင်းရဲဒုက္ခများ၊ ဗုံးကြဲတိုက်ခိုက်မှုများနှင့် အထူးသဖြင့် စီးပွား ရေးဆိုင်ရာ ပြိုလဲမှုများ” (Economic fallout)ကို ချက် ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
ဂျာမနီသမ္မတ ဖရန့်-ဝေါ်လ်တာ စတိုင်းမိုင်ယာက အီရန်တွင် ဖြစ်ပွားနေသော လက်ရှိ အစ္စရေး-အမေရိကန် စစ်ပွဲသည် “အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း” ဖြစ်ပြီး “နိုင်ငံရေးအရ ကပ်ဘေးသင့်စေမည့် မှားယွင်းမှု” တစ်ခုဖြစ်ကြောင်း အင်္ဂါနေ့က ဂျာမနီနိုင်ငံခြားရေးရုံးတွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

“ဒီစစ်ပွဲရဲ့ ရည်ရွယ်ချက်က အီရန်ကို နျူကလီး ယားဗုံး ထုတ်လုပ်တာကနေ တားဆီးဖို့ဆိုရင် ဒါဟာ တကယ်ကို ရှောင်လွှဲလို့ရတဲ့၊ မလိုအပ်တဲ့ စစ်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော့်ကို အဆိုးရွားဆုံး စိတ်ပျက်စေတဲ့ အချက်ပါပဲ” ဟု ၎င်းက ဆိုသည်။ ၎င်းက ယခုပဋိပက္ခကို သံတမန်နည်းလမ်းဖြင့် အမြန်ဆုံး အဆုံး သတ်ရန် တိုက်တွန်းခဲ့ကြသည်။
ဤစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ငြိမ်မှုကို ကြီးမားစွာ ခြိမ်းခြောက်နေပြီး ကျယ်ပြန့်သော စီးပွားရေးပျက်စီးမှုများ (Economic fallout) ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်းလည်း ၎င်းက ရှုမြင်သည်။ ဂျာမနီသမ္မတ၏ ပြောကြားချက်သည် အမေရိကန်-ဂျာမနီ ဆက်ဆံရေးတွင် ဒုတိယကမ္ဘာစစ်နောက် ပိုင်း အကြီးမားဆုံး အက်ကြောင်းတစ်ခု ဖြစ် လာစေခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ် (Karoline Leavitt) က အမေရိကန်၏ စစ်ရေးအရ အရေးယူမှုများသည် “အမေရိကန်ပြည်သူများကို ကာကွယ်ရန်နှင့် အီရန်၏ လက်ငင်းခြိမ်းခြောက်မှုများကို ဖယ်ရှားရန်” ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဂျာမနီသမ္မတက “လက်ငင်းခြိမ်းခြောက်မှုရှိသည်ဆိုခြင်းမှာ ခိုင်လုံမှုမရှိ” ဟု ဆိုသော်လည်း အမေရိကန်ဘက်ကမူ ၎င်းတို့၏လုပ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့် (Self-defense) အရ ဥပဒေနှင့် ညီညွတ်ကြောင်း ဆက် လက်ရပ်တည်နေသည်။
#PositiveAngleNews #USvsGermany #Trump #Steinmeier #IranWar #Geopolitics #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN