ဇူလိုင် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် နယ်မြေခံရဲတပ်ဖွဲ့ဝင်
၁၀ ဦးခန့်အဖွဲ့သည် လှည့်ကင်းဆောင်ရွက်နေစဥ်ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃ / ၅)၊တံတားအမှတ် ၄/၁၀၂နေရာသို့ ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ရောက်ရှိစဥ် တံတားအပေါ်တွင် မသင်္ကာဖွယ် အမျိုးသား ၃ ဦးကို တွေ့ရှိသဖြင့်စစ်ဆေးရန် ခေါ်ယူစဥ် ၎င်းတို့ ၏ အနောက်ဖက် ပေ ၂၀အကွာမှ အကြမ်းဖက်သောင်းကျန်းသူ PDF ၅ ဦး ထွက်လာကာ လက် နက်ငယ်များဖြင့် ၁၃ ချက်ခန့် ပစ်ခတ်ပြီး တံတားအား ရီမုမိုင်းတစ်လုံးဖောက်ခွဲခဲ့ပါသည်။
ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူ PDF များသည် အဆိုပါ တံတား၏အနောက်မြောက်ဘက် ၂၅ ပေခန့်အကွာ မီးရထားကြေးနန်အနီးရှိ တံတားအမှတ် ၁၆၁ အနီး မြောက်ဘက်တွင် ရီမုမိုင်းတစ်လုံး ထပ်မံပေါက်ခွဲခဲ့ပြီး မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပါသည်။
ဖြစ်စဥ်တွင် PDFအကြမ်းဖက် အဖွဲ့မှပစ်ခတ်မူ့ကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်၊၃၅ နှစ်၊ (ဘ)ဦးကြာသောင်း၊ ဗမာ /ဗုဒ္ဓ၊ ကွင်းနောက်ရပ်ကွက်၊ ကျောက်တံခါးမြို့နေသူတွင် ယာဘက်ဝမ်းဗိုက် ကျည်ဖောက်ဝင်၍ဘယ်ဘက်ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ရဲတပ်သား အောင်ကျော်ထက် ဘယ်ဘက်ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ယာဘက်လက်ဖျံ သေနတ်ထိမှန် ဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း၊ အရပ်သားပြည်သူ ကိုစိုးပိုင်(ကိုယ်ရေးအချက်အလက်စိစစ်ဆဲ) သေဆုံးခဲ့ကြောင်း၊အခင်းဖြစ်အနီးရှိ အပြစ်မဲ့ပြည်သူ 101 KTV လုပ်ငန်းပိုင်ရှင် ကိုဥာဏ်ဝေအောင် ကို PDF အကြမ်းဖက်သမားများက ဝင်ရောက်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
သေဆုံး ထိခိုက်ဒဏ်ရာရသူများကို ကျောက် တံခါးမြို့နယ်၊ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမူ့ကြောင့် အလျား ၄၈ ပေ အကျယ် ၆၀ ပေ၊ ခံနိုင်ဝန် ၆၀ တန် တံတားမှာ အလယ်ကြမ်းခင်း အလျား ၈ ပေ၊ အကျယ် ၃ ပေခန့်၊ အနက် ၆ လက်မခန့် ကတ္တရာထပ်ပိုလွှာများကြေမွပျက်စီးခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN