
(နိုင်ငံတကာ)မတ် ၂၂
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က လက်ဘနွန်တောင်ပိုင်းရှိ အချက်အခြာကျသော နေရာတစ်ခုကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဟစ်ဇ်ဘိုလာအဖွဲ့၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော Radwan Force မှ ထိပ်တန်းတပ်မှူးတစ်ဦး Abu Khalil Barji နှင့် အဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။

Abu Khalil Barji သည် Radwan Force ၏ အဆင့်မြင့်တပ်မှူးတစ်ဦးဖြစ်ပြီး လက်ဘနွန်တောင်ပိုင်း ဒေသအချို့တွင် အစ္စရေးကို တိုက်ခိုက်သည့် စစ်ဆင် ရေးများကို ဦးဆောင်နေသူဖြစ်သည်။ Barji နှင့်အတူ ရှိနေသည့် ဟစ်ဇ်ဘိုလာ စစ်ဆင်ရေးအဖွဲ့ဝင် နှစ်ဦးလည်း အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။
IDF ၏ ထုတ်ပြန်ချက်အရ အစ္စရေးလေတပ်သည် ထောက်လှမ်းရေးသတင်းများအပေါ် အခြေခံ၍ လက်ဘနွန်တောင်ပိုင်းရှိ နေအိမ်တစ်လုံးအတွင်း စုဝေးနေသည့် အဆိုပါအဖွဲ့ကို တိကျစွာ ပစ်မှတ်ထား တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။ Abu Khalil Barji သည် အစ္စရေးမြောက်ပိုင်းရှိ အရပ်သားများနှင့် စစ်တပ်ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာတွင် အဓိက တာဝန်ရှိသူတစ်ဦးဖြစ်ကြောင်း အစ္စရေးဘက်က စွပ်စွဲထားသည်။
၎င်းတို့၏ တပ်မှူး Abu Khalil Barji သေဆုံးသွားကြောင်း အတည်ပြုပြီးနောက် နာရီပိုင်းအတွင်းမှာပင် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးမြောက်ပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဦးတည်၍ ဒုံးကျည်အမြောက်အမြားဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
အစ္စရေးမြောက်ပိုင်းရှိ Kiryat Shmona နှင့် Upper Galilee ဒေသများသို့ ဟစ်ဇ်ဘိုလာဘက်မှ Katyusha ဒုံးကျည် နှင့် Burkan ဒုံးကျည် အစင်း ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အစ္စရေးစစ်တပ်၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဆက်သွယ်ရေးစခန်းအချို့ကို ပစ်မှတ်ထားခဲ့ကြောင်း ဟစ်ဇ်ဘိုလာဘက်က ကြေညာထားသည်။
#PositiveAngle #Hezbollah #IDF #AbuKhalilBarji #LebanonConflict #BreakingNews2026
Telegram»…
https://t.me/positiveanglenews
#PAN