
(နိုင်ငံတကာ)မတ် ၂၂
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ် (Mohammad Baqer Qalibaf) က အကယ်၍ အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်ခံရပါက အရှေ့အလယ်ပိုင်းရှိ အရေးပါသော အခြေခံအဆောက်အအုံများနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ စက်ရုံများသည် “ပြန်လည်ပြုပြင်၍မရနိုင်သောနည်းဖြင့် ပျက်စီးသွားလိမ့်မည်” ဟု X လူမှုကွန်ရက်မှတစ်ဆင့် သတိပေးပြောကြားခဲ့သည်။
“ကျွန်ုပ်တို့နိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြေခံအဆောက်အအုံများ ပစ်မှတ်ထားခံရသည်နှင့်တစ်ပြိုင်နက်၊ ဒေသတွင်းတစ်ဝန်းရှိ အရေးပါသော အခြေခံအဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍနှင့် ရေနံဆိုင်ရာ အဆောက်အအုံအားလုံးကို တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ကာ ပြန်လည်ပြုပြင်၍မရနိုင်သော နည်းလမ်းဖြင့် ဖျက်ဆီးပစ်မည်ဖြစ်ပြီး၊ ရေနံဈေးနှုန်းများသည်လည်း ကာလရှည်ကြာစွာ မြင့်တက်နေပေလိမ့်မည်။” ဟု ၎င်း၏ X လူမှုကွန်ရက်တွင် ရေးသားထားသည်
ထိုကဲ့သို့ ခြိမ်းခြောက်မှုများသည် ဟော်မုဇ်ရေလက် ကြားကို သင်္ဘောများ သွားလာနိုင်ရန် ၄၈ နာရီအတွင်း ပြန်လည်ဖွင့်လှစ်ပေးရန်၊ သို့မဟုတ်ပါက စွမ်းအင်အခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမည်ဖြစ် ကြောင်း ဒေါ်နယ်ထရမ့်က အီရန်ကို ရာဇသံပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စနေနေ့ညနေပိုင်းတွင် အမေရိကန်သမ္မတက Truth Social လူမှုကွန်ရက်၌ ရေးသားရာတွင် – အီရန်အနေဖြင့် ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်လည်မဖွင့်ပေးပါက အမေရိကန်အနေဖြင့် အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “အကြီးဆုံးစက်ရုံမှ စတင်၍ တစ်ခုပြီးတစ်ခု” တိုက်ခိုက်ချေမှုန်းသွားမည်ဟု ဆိုသည်။ ၎င်း၏ ပို့စ်တင်ခဲ့သည့် အချိန်အရ ဆိုပါက ရာဇသံနောက်ဆုံးသတ်မှတ်ချိန် (Deadline) မှာ တနင်္လာနေ့၊ ဂရင်းနစ်စံတော်ချိန် ၂၃:၄၄ နာရီ (မြန်မာစံတော်ချိန် အင်္ဂါနေ့နံနက် ၆:၁၄ နာရီ) တွင် ကုန်ဆုံးမည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အီရန်အစိုးရတို့အကြား အပြန်အလှန် ရာဇသံပေး ခြိမ်းခြောက်မှုများကြောင့် အရှေ့အလယ်ပိုင်းစစ်မီးသည် ဒေသတွင်းစစ်ပွဲအဆင့်မှ ကမ္ဘာ့စီးပွားရေးကို အမှောင်ချမည့် အခြေအနေသို့ ဦးတည်လျှက်ရှိနေပါသည်။
#PositiveAngle #TrumpVsIran #HormuzCrisis #WallStreetCrash #GlobalNews #BreakingNews #EnergyWar2026
Telegram»…
https://t.me/positiveanglenews
#PAN