ဆီထည့်ရန် တန်းစီနေသည့် ယာဥ်ငယ်တစ်စီး မီးလောင်ရာမှ ဆီဆိုင် မီးလောင်မှုဖြစ်ပွား

(ပြည်တွင်း) မတ် ၂၂

     ယမန်နေ့ ည ၉ နာရီခွဲကျော်အချိန်ခန့်က ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ် ကွက်၊ ပြည်ထောင်စုလမ်း၊ ၇/၈ လမ်းဆုံရှိ တာမီနယ်ဆီဆိုင်တွင် ဆီထည့်ရန် တန်းစီနေသည့် ယာဥ်ငယ်တစ်စီးက မီးစတင်လောင်ကျွမ်းရာမှ ဆီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ရသည်ဟု ကနဦးသတင်းများအရ သိရသည်။

     မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၉ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ည ၉ နာရီ ၄၉ မိနစ်အချိန် မီးငြိမ်းခဲ့သည်ဟု သိရသည်။

    မီးစတင်လောင်ကျွမ်းသည့် ယာဉ်ငယ်မှာ လုံးဝပျက် စီးသွားခဲ့သလို ဆီဆိုင်၏ ရှေ့မျက်နှာစာနှင့် ဆီပန့်အချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး ဆီဆိုင်၏ အဓိက ဆီသိုလှောင်ကန်များဆီသို့ မီးကူးစက်မှုမရှိအောင် တားဆီးနိုင်ခဲ့သည့်အတွက် ကြီးမားသည့် ပေါက်ကွဲမှုမျိုး မဖြစ်ပေါ်ခဲ့ကြောင်းနှင့် ထိခိုက်ရသည့်အခြေ အနေများကိုမသိရှိရသေးကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။
(Photo/Video – Credit)

#PositiveAngle #YangonFire #NorthDagon #TerminalFuelStation #FireAlert #SafetyFirst #MyanmarNews2026

Telegram »…
https://t.me/positiveanglenews
#PAN