
(နိုင်ငံတကာ)မတ် ၂၁
အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းများ တိုက်ခိုက်ချေမှုန်းခံရပြီးနောက် အီရန်စစ်ဘက်ဆိုင်ရာ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ရှက်ကာချီက အမေရိကန်နှင့် အစ္စရေးအရာရှိများကို ရည်ရွယ်၍ အလွန်ပြင်းထန်ပြီး ထူးခြားသော သတိပေးချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။
ဗိုလ်ချုပ် ရှက်ကာချီက “ယခုအချိန်မှစ၍ ကမ္ဘာ့မည်သည့်နေရာတွင်မဆိုရှိသော ပန်းခြံများ (Parks)၊ အပန်းဖြေစခန်းများ (Recreational areas)နှင့် ခရီး သွားဧည့်သည်များ သွားရောက်ရာနေရာများ (Tourist destinations) သည် သင်တို့အတွက် ဘေးကင်းလုံခြုံရာနေရာများ မဟုတ်တော့ပါ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဤကြေညာချက်သည် မကြာသေးမီက အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲစစ်ဆင်ရေးများအတွင်း အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင်ပိုင်းများ (Leadership)ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး အပြတ် အသတ် ချေမှုန်းနိုင်ခဲ့ခြင်း (Wiped out) အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ် သည်။
အီရန်သည် ပုံမှန်စစ်မြေပြင်တွင်သာမက ကမ္ဘာတစ်ဝန်းရှိ အမေရိကန်နှင့် အစ္စရေးအကျိုးစီးပွားများ၊ အရာရှိများကို အချိုးမညီသော စစ်ဆင်ရေး (Asym -metric Warfare)အဖြစ် ပြောက်ကျားစစ်ဆင်ရေး သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုနည်းလမ်းများဖြင့် ပစ်မှတ်ထားလာနိုင်ကြောင်း ဤသတိပေးချက်က အချက်ပြနေသည်။
စစ်ဘက်ပစ်မှတ်တွေတင်မကဘဲ အရပ်ဘက်နေရာတွေကိုပါ ခြိမ်းခြောက်လာတာကြောင့် နိုင်ငံတကာမှာ လုံခြုံရေး သတိပေးချက်တွေ မြင့်တက်လာနေပါ သည်။
#PositiveAngle #GenShekarchi #IranRetaliation #GlobalSecurity #MiddleEastCrisis2026 #WarUpdate #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN