
(နိုင်ငံတကာ)မတ် ၂၀
သမ္မတဒေါ်နယ်ထရမ့်သည် အီရန်သဘာဝဓာတ်ငွေ့အခြေခံအဆောက်အအုံများကို ထပ်ခါတလဲလဲတိုက် ခိုက်မှုများမပြုရန် အစ္စရေးအား သတိပေးခဲ့သည်ဟု သတင်းများထွက်ပေါ်လာပါသည်။ ၎င်းသည် အီရန်၏ South Pars ဓာတ်ငွေ့မြေကို အစ္စရေးက တိုက်ခိုက်မှုအပြီးတွင် ဖြစ်ပေါ်လာခဲ့သည်။
မတ်လ ၁၈ ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့ အကြီးမားဆုံးသော South Pars သဘာဝဓာတ်ငွေ့မြေကို တိုက်ခိုက်ခဲ့သည်။ အဲဒီနောက်မှာတော့ အီရန်က ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့ရည် (LNG) စက်ရုံရှိရာ ကာတာ (Qatar) နဲ့ UAE တို့ကို ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက် ခိုက်ခဲ့ပါသည်။

သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အီရန်ရဲ့ ဓာတ်ငွေ့မြေတွေကို ထပ်မံမတိုက်ခိုက်ဖို့ (Don’t do that) တိုက်ရိုက် တားမြစ်လိုက် သည်။ တစ်ဖက်မှာလည်း အီရန်ကို “အကယ်၍ ကာတာကို ထပ်တိုက်ရင် အမေရိကန်ကိုယ်တိုင်က အီရန်ရဲ့ ဓာတ်ငွေ့မြေပြင်တစ်ခုလုံးကို ခြေမှုန်းပစ်မယ်” လို့ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ထားသည်။
ထိုသို့ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ရေနံဈေး ၁၁၅ ဒေါ်လာကျော်အထိ ရောက်ရှိသွားပြီး၊ကာတာရဲ့ LNG စက်ရုံပျက်စီးမှုကြောင့် ကမ္ဘာ့ဓာတ်ငွေ့ ထောက်ပံ့မှု ၁၇% ခန့် ပြတ်တောက်နိုင်သည့် အန္တရာယ်နဲ့ ကြုံတွေ့နေရသည်။ ဥရောပ ဓာတ်ငွေ့ဈေးနှုန်းမှာလည်း တစ်ရက်တည်းမှာပင် ၃၀% ကျော် ရုတ်တရက် ခုန်တက်သွားခဲ့ပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့သည်။
#PositiveAngle #Trump2026 #EnergyWar #SouthPars #OilPriceSpike #IsraelIranConflict #GlobalCrisis #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN