အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် S&P 500 အညွှန်းကိန်း ၁၉% ခန့် ထိုးဆင်းသွားနိုင်ကြောင်း Goldman Sachs သတိပေး

(နိုင်ငံတကာ)မတ် ၂၀

     ကမ္ဘာ့ထိပ်သီး ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးဖြစ်တဲ့ Goldman Sachs က အခုဖြစ်ပွားနေတဲ့ အီရန်-အမေရိကန် စစ်ပွဲကြောင့် ရေနံဈေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်ပြီး အမေရိကန်စတော့ဈေးကွက် (S&P 500) အပေါ် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

     အကယ်၍ အရှေ့အလယ်ပိုင်းမှာ ရေနံတင်ပို့မှုလမ်း ကြောင်းတွေ အပြင်းအထန် ပိတ်ဆို့ခံရရင် အမေရိကန်စတော့ဈေးကွက်မှာ စာရင်းပေါက်ထားတဲ့ အကြီးဆုံးနဲ့ အင်အားအကောင်းဆုံး ကုမ္ပဏီကြီး ၅၀၀ ရဲ့ ရှယ်ယာဈေးနှုန်းတွေကို ပေါင်းစပ်တွက်ချက်ထားတဲ့ အညွှန်းကိန်း (Index) တစ်ခုဖြစ်တဲ့ Standard & Poor’s 500 (S&P 500) အညွှန်းကိန်းဟာ အမှတ် ၅,၄၀၀ အထိ ထိုးဆင်းသွားနိုင်တယ်လို့ finance. yahoo.com က ဆိုသည်။ ဒါဟာ လက်ရှိပေါက်ဈေးတွေထက် ၁၉% နီးပါး ကျဆင်းသွားမယ့် အနေအထားဖြစ်ပါတယ်။ အကယ်၍ အမေရိကန် စီးပွားရေးတိုးတက်မှု အသင့်အတင့် နှေးကွေးသွားမည့် (Moderate Growth Shock) အခြေအနေမျိုးတွင်မူ S&P 500 အညွှန်းကိန်းသည် အမှတ် ၆,၃၀၀ အထိ ကျဆင်းသွားနိုင်ပြီး ၎င်းမှာ လက်ရှိပေါက်ဈေးများထက် ၅ ရာခိုင်နှုန်းခန့် လျော့ကျသွားခြင်းဖြစ်သည်ဟု Goldman Sachs က ခန့်မှန်းထားသည်။

     AI (ဉာဏ်ရည်တု) နည်းပညာကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းသည် စီးပွားရေးလုပ်ဆောင် ချက်များ အနည်းငယ်အားနည်းသွားမှုကြောင့် ဖြစ်ပေါ်လာမည့် ဆွဲအားကို ပြန်လည်ထိန်းညှိပေးနိုင်လိမ့်မည်ဟု အဆိုပါ Goldman Sachs က ထည့်သွင်းပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခအပြင် AI နည်းပညာ၏ အကျိုးသက်ရောက်မှုအပေါ် မရေရာမှုများကလည်း အညွှန်းကိန်းတန်ဖိုးများအပေါ် ဖိအားပေးလာနိုင်သည်ဟု Goldman က မျှော်လင့်ထား သည်။ AI ဆိုင်ရာ မရေရာမှုများကို ထည့်သွင်းတွက် ချက်ပြီးနောက် Goldman သည် S&P 500 ၏ ရှေ့ပြေး အမြတ်နှင့် အရင်းအနှီးအချိုး (Forward P/E Ratio) ကို ယခင်က ၂၂ သတ်မှတ်ထားရာမှ ၂၁ သို့ လျှော့ချသတ်မှတ်ခဲ့သည်။

    အမေရိကန် စတော့ရှယ်ယာများအတွက် အခြေခံအလားအလာမှာ ကောင်းမွန်နေဆဲဖြစ်သော်လည်း အီရန်စစ်ပွဲသည် မြင့်မားနေသော ရှယ်ယာတန်ဖိုးများအပေါ်တွင် ဈေးနှုန်းထိုးဆင်းသွားနိုင်သည့် အန္တရာယ် (Downside Risk) ကို ပိုမိုတိုးပွားစေသည်’ ဟု Goldman က ဆိုသည်။

​     သို့သော်လည်း Goldman သည် S&P 500 အညွှန်းကိန်းအတွက် နှစ်ကုန်လျာထားချက်ကိုမူ အမှတ် ၇,၆၀၀ အဖြစ် ဆက်လက်ထိန်းသိမ်းထားသည်။ ယခုလအစောပိုင်းတွင် Goldman က ပြောကြားခဲ့သည်မှာ  ပထဝီနိုင်ငံရေး စိုးရိမ်ပူပန်မှုများ၊ AI ကြောင့် ဖြစ်ပေါ် လာသည့် အပြောင်းအလဲများနှင့် မြင့်တက်နေသော ရှယ်ယာတန်ဖိုးများကြောင့် ကမ္ဘာ့စတော့ဈေး ကွက်များတွင် ရေတိုအတွင်း ‘ဈေးနှုန်း ပြန်လည်ပြင်ဆင်မှု အန္တရာယ်များ (Correction Risks)’ ရှိနေနိုင်ကြောင်း သတိပေးထားပါသည်

     ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနဲ့ အီရန်ဒေသတွင်း တင်းမာမှုတွေကြောင့် ရေနံဈေးနှုန်း ရှော့ခ်ဖြစ်ပြီး ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို ရုတ်တရက် မြင့်တက်စေနိုင်ပြီး စတော့ဈေးကွက် ၁၀% ကျတိုင်း စားသုံးသူတွေရဲ့ သုံးစွဲမှု ၁% လျော့ကျလေ့ရှိတဲ့အတွက် စီးပွား ရေးကျဆင်းမှုကို ပိုမိုမြန်ဆန်စေသည်။

     S&P 500 ဟာ အမေရိကန်စတော့ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုတဲ့အတွက် ကမ္ဘာ့စီးပွားရေးအခြေအနေကို သိချင်ရင် ဒီအညွှန်းကိန်းတစ်ခုတည်းကို ကြည့်ရုံမျှဖြင့် သိရှိနိုင်သည်ဟု ဆိုသည်။

     စစ်ပွဲအရှိန် မြင့်တက်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေဟာ စွန့်စားရတဲ့ ရှယ်ယာတွေထက် ဘေးကင်းတဲ့ “ရွှေ” ဒါမှမဟုတ် အစိုးရငွေတိုက်စာချုပ်တွေဘက်ကို ပိုမိုလှည့်လာနိုင်ဖွယ် ရှိနေသည်ဟု ခန့်မှန်းထားကြသည်။

#PositiveAngle #GoldmanSachs #SP500 #OilShock #GlobalEconomy2026 #StockMarketCrash #InvestmentAlert #USIranWar

Telegram»…
https://t.me/positiveanglenews

#PAN